အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှု ပြည်နယ်လူမှုရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်တွင် အသက်(၁၀)နှစ် ပြည့်ပြီးသော ပြည်သူများ ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်ခွင့်ကို ရရှိစေရန်ရည်ရွယ်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် ဇူလိုင်လ ၇ ရက်နေ့တွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း ၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကွင်းဆင်းပေးနေမှုကို ကယားပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ကျောင်းသား ၊ ကျောင်းသူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ကွင်းဆင်းကြည့်ရှုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဥပဒေနှင့်အညီ မြန်ဆန်စွာ ရရှိရေးအတွက် လိုအပ်သည်များကိုမှာကြားခဲ့သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ၊ ကျောင်းသူများ ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်နိုင်ရေးအတွက် ကျန်ရှိနေသည့် အခြေခံပညာကျောင်းများတွင်လည်း ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။