Skip to main content
x

အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား Software Programဖြင့် ထည့်သွင်း ဆောင်ရွက်နေမှုအား ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား Software Programဖြင့် ထည့်သွင်းနေမှုကို လွိုင်ကော်မြို့ ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး ၊ ကွန်ပျူတာခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ- ၆၆/၆) များ တိကျမှန်ကန်မှုရှိစေရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်၏ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များကို e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း အိမ်ထောင်စု လူဦးရေ စာရင်းစုစုပေါင်း (၆၅၀၁၁)ကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။