Skip to main content
x

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် မြန်မာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်

၂၀၂၂ ခုနှစ် ၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေးရာအသင်းအဖွဲ့များ နှင့် ရပ်မိ ၊ ရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  အမျိုးသမီးများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ၊ စွမ်းဆောင်ရည် မြင့်မားရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်မှမူဝါဒ(၄)ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုများ ၊ အမျိုးသမီးများ ဘဝမြင့်တင်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဆောင်ရွက်နေသော လုပ်ငန်းများ၏ အရေးကြီးမှုကို ပြည်သူလူထုက သိရှိနားလည်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ ၊ ရပ်ရွာလူထုခေါင်းဆောင်များ ၊ ဘာသာရေးခေါင်းဆောင်များ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများမှ “ထာဝရ သစ္စာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေခဲ့ကြသော ရင်သွေးငယ်လေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ၂၀၂၂ ခုနှစ် ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ပန်းအလှထိုးပြိုင်ပွဲနှင့် အချက်အပြုတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီးရေးရာအဖွဲ့ ၊ လူမှုရေးအသင်းအဖွဲ့နှင့် ရပ်မိ ၊ ရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ကြောင်းသိရသည်။