Skip to main content
x

Online မူလတန်းကြိုပညာရေး အစီအစဉ်ဆောင်ရွက်ရန်အတွက် မိဘအသိပညာပေး သင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်းဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် မူလတန်းကြိုအရွယ်ကလေးများ အတွက် ၊ မူလတန်းကြိုကျောင်းများ မဖွင့်လှစ်နိုင်သော်လည်း မိမိတို့၏ ရင်သွေးများကို ကျောင်းသဖွယ် ၊ သင်ယူခွင့် ၊ ပါဝင်ခွင့် ရရှိပြီး မိဘနှင့်ကလေးများအကြား ရင်းနှီးစွာဖြင့် ကလေးများ ဘက်စုံဖွံ့ဖြိုးစေရေးအတွက် Online မူလတန်းကြိုပညာရေး အစီအစဉ် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါအစီအစဉ်တွင် မူလတန်းကြိုအရွယ် ကလေးမိဘများမှ ပါဝင်၍ ကလေးများအား ပံ့ပိုးကူညီဆောင်ရွက်ပေးနို်ငရန် လိုအပ်သည့် ကလေးများနှင့် ပတ်သက်သည့် ကလေးသဘော သဘာဝ ၊ ကလေးဘက်စုံဖွံ့ဖြိုးမှု ၊ ပြုစုစောင့်ရှောက်သူများ၏ အခန်းကဏ္ဍစသည်တို့ကို ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနတွင် မိဘများအား  စက်တင်ဘာ ၂၅ ရက်နေ့မှ စက်တင်ဘာ ၂၆ ရက်နေ့အထိ Online အသိပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး Online မူကြိုပညာရေးအစီအစဉ်ကို အောက်တိုဘာလအတွင်း လွိုင်ကော်မူလတန်းကြိုကျောင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။