အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအကျင်းပ

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက်  ၇  နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။ရှေးဦးစွာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး(ခ)ဘူးရယ်က ဖတ်ကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။