ရွာသစ်မြို့

မြို့
၁ (ရွာသစ်မြို့)
ရပ်ကွက်
ကျေးရွာအုပ်စု
ကျေးရွာ
လူဦးရေ
၂၂၆၉
အိမ်ထောင်စု
၅၂၉
ပင်လယ်ရေမျက်နှာပြင်အထက်(ပေပေါင်း)
၁၀၂၇
မိုးရေချိန်(လက်မ)
၂၃.၇၈
အပူချိန်(ဒီဂရီ)
မြင့်(၄၀.C)-နိမ့်(၂၅.C)
အသားတင်စိုက်ပျိုးမြေ(ဧက)
၃၈၂၄
ပလပ်မြေ(ဧက)
-
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက)
-
တောရိုင်း(ဧက)
၁၃၇၂၄
မြေရိုင်း(ဧက)
၈၂၅
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ
၉၆၃၂၀
လေယာဉ်ကွင်း
-
တက္ကသိုလ်
-
ကောလိပ်
-
တည်နေရာအကျယ်အဝန်း
ရွာသစ်မြို့နယ်ခွဲသည် ကယားပြည်နယ်၏ အရှေ့ဘက်တွင် ရှိပြီး ဘောလခဲခရိုင်တွင် တည်ရှိပါသည်။ ရွာသစ်မြို့နယ်ခွဲသည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၄၆ မိနစ် မှ ၁၉ ဒီဂရီ ၂၀မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၄မိနစ်မှ ၉၇ ဒီဂရီ ၃၀မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၁၇၉.၂၁ စတုရန်းမိုင် ကျယ်ဝန်း ပါသည်။
 
နယ်နိမိတ်
ရွာသစ်မြို့နယ်ခွဲ၏ အရှေ့ဘက်တွင် မယ်စဲ့မြို့နယ် ၊ တောင်ဘက်တွင် ဖားဆောင်းမြို့နယ်၊ အနောက်ဘက်တွင် ဘောလခဲမြို့နယ်၊ မြောက်ဘက်တွင် ရှားတောမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါ သည်။ ရွာသစ်မြို့နယ်ခွဲ၏ အရှေ့ဘက်(၄)မိုင်အကွာတွင် သံလွင်မြစ်နှင့် ထိစပ်လျက်ရှိပါသည်။
 
မြေမျက်နှာသွင်ပြင်
ရွာသစ်မြို့နယ်ခွဲသည် တောင်ကုန်းတောင်တန်းများပေါများပြီး သစ်တောများ ဖုံးလွှမ်းလျှက်  ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်(၉၆၈)ပေတွင် တည်ရှိပါသည်။ ထင်ရှားသောမြစ်မှာ သံလွင်မြစ်ဖြစ်ပါသည်။
 
ရာသီဥတု
ရွာသစ်မြို့နယ်ခွဲသည် ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ(၄၀)ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံး အပူချိန်မှာ(၂၅)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပုံမှန်မိုးရေချိန်မှာ (၂၃.၇၈)လက်မ ရှိပါသည်။
 
ရေဆင်း
ရွာသစ်မြို့နယ်ခွဲတွင် ရေထွက်ပေါက်စိမ့်ထွက်လာသော ချောင်းမြောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး အရပ်လေးမျက်နှာလုံးသို့ စီးဆင်းလျက်ရှိပါသည်။ ဒေသအတွင်းရှိ ရေအရင်း အမြစ်အများစုမှာ ထုံးဓါတ်အများဆုံးပါဝင်ပြီး ရေချိုများဖြစ်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေများအဖြစ် အသုံးပြုကြပါသည်။
 
၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက် အပြည့်အစုံဖတ်ရှု့ရန်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ သတင်းအချက်အလက်များ အပြည့်အစုံဖတ်ရှု့ရန်
Images (2)
15.jpg
15.jpg
16.jpg