ဒီးမော့ဆိုမြို့နယ်ပြည်သူ့ဆေးရုံ၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (ပြင်ပ)ဖြေဆိုသည့် မီးဖွားကျောင်းသူနှင့် ဆေးဝါး ကုသမှု ခံယူနေသည့် သီးခြားလူနာများအား ပြည်နယ် ဝန်ကြီးချုပ် သွားရောက် ကြည့်ရှု

17-3-2020 1

17-3-2020 2

17-3-2020 3

(၂၀၂၀ မတ် ၁၇)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် ဒီးမော့ဆို ပြည်သူ့ဆေးရုံတွင် ပြင်ပဖြေဖြင့် ဖြေဆိုလျက်ရှိသော ကျောင်းသူနှင့် ဆေးဝါးကုသမှု ခံယူနေသည့် လူနာများ အား ကယားပြည်နယ်အစိုးအဖွဲ့ ဝန်ကြီးချုပ်သည် (၁၇.၃.၂၀၂၀) ရက်နေ့ (၁၀:၂၀) နာရီအချိန်တွင် သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံ၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရူပဗေဒ ဘာသာရပ် ဖြေဆိုသည့် ကျောင်းသူတစ်ဦးအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒီးမော့ဆိုပြည်သူ့ဆေးရုံ ၌ တက်ရောက်ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် လူနာ (၁၉) ဦး တို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပြီး အာဟာရ အတွက် လူနာတစ်ဦးလျှင် (၂)သောင်းကျပ် စီဖြင့်လည်းကောင်း ဆေးရုံအတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများ အတွက် ငွေကျပ် (၂) သိန်းအား လည်း‌ကောင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါ ထောက်ပံ့အားပေးသည့် ခရီးစဉ်တွင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ခေတ္တ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ကုသ/ကျန်းမာ၊ ပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ ကြပါသည်။