စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)၏ (တတိယအကြိမ်) စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

8-2-2020 1

8-2-2020 2

8-2-2020 3

(၂၀၂၀ ဖေဖော်ဝါရီ ၈)

စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)သည် ကယားပြည်နယ်၏ ပထမဦးဆုံးသော စိုက်ပျိုးရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးသည့် စိုက်ပျိုးရေးသိပ္ပံကျောင်းဖြစ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမြင့်မားရေး စသည့် ကဏ္ဍများအတွက် အထောက်ဖြစ်စေပြီး ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးမည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိရာ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)၏ တတိယအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲအခမ်းအနားအား (၈.၂.၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီအချိန် ဒီးမော့ဆိုမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြု လုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးသိပ္ပံ(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)မှ ဆရာကြီး/ဆရာမကြီးများ၊ စိုက်ပျိုးရေးဒီပလိုမာ လက်ခံရယူမည့် ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပါမောက္ခဆရာ/ဆရာမကြီးများနှင့် စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)မှ ဆရာ/ဆရာမ ကြီးများက အခမ်းအနားအစီအစဉ်များအတိုင်း စင်မြင့်ထက်တွင် ရောက်ရှိနေရာယူခဲ့ ကြပါသည်။ ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)၏ စိုက်ပျိုးရေးဒီပလိုမာအပ် နှင်းပွဲအခမ်းအနားသို့ကြွရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဒီပလိုမာ လက်ခံရယူမည့် ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများအားလုံး စိတ်ရောကိုယ်ပါ ချမ်းသာကျန်းမာပြီး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း၊ မိမိအနေနှင့် ယနေ့ အခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုအားပေးခွင့်ရသည့် အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မိမိအနေနှင့်ယခင်က မတက်ရောက်နိုင်ခဲ့သော်လည်း ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ တက်ရောက်ခဲ့ပါကြောင်း၊ ယခုအခမ်းအနားတွင် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများကို လာရောက် အားပေးခြင်းဖြစ်ပြီး ပညာသင်ကာလအတွင်း စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ ဝါယမစိုက်ထုတ်ကြိုး စားသင်ယူခဲ့သည့် မောင်မယ်များကို လည်း အသိအမှတ်ပြုလို၍ တက်ရာက်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုများကို မူဝါဒများနှင့်အညီ ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များ ဒွန်တွဲနေမည်ဖြစ်ပါကြောင်း၊ ကျောင်းကြီး စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ စ၍ ယနေ့ အချိန်အထိ ဆန်းစစ်ကြည့်မည်ဆိုပါက ကျောင်း၏ ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍန်များသာမက သင်ကြားမှု/သင်ယူမှုများ များစွာတိုးတက်လာပါကြောင်း၊ မည်သည့်အရာမျှပြည့်စုံသည်ဟူ၍ မရှိဘဲ လိုအပ်ချက်ရှိနေသည်ဖြစ်ရာ ထပ်မံ ဖြည့်ဆည်းပေးနိုင်ရန် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရသာမက ပြည်ထောင်စုအစိုးရမှလည်း စဉ်ဆက်မပြတ် ပံ့ပိုးပေးနေခြင်းကိုလည်း ကျောင်းသား/သူများအားလုံး သိရှိစေလိုပါကြောင်း၊ ကျောင်းသား/သူ မောင်မယ်များအနေနှင့် မည်သည့်အတွက်နှင့်မျှ စိတ်ပျက်အားငယ်မှုများမဖြစ်စေလိုပါကြောင်း၊ မိမိတို့ နိုင်ငံသည် ဆင်းရဲသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း မိမိတို့အနေနှင့် မလျှော့သော မျိုးချစ်စိတ် ၊ ပြည်ထောင်စုစိတ်များဖြင့် မဆုတ်မနစ်ကြိုးပမ်းမည်ဆိုပါက မိမိတို့လိုလားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်လာမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် မိမိတို့အရပ်သားအစိုးရလက်ထက်တွင် တစိုက်မတ်မတ်ကြိုးပမ်းနေပါကြောင်း၊ ကျောင်းဆင်း မောင်မယ်များအနေနှင့် မိမိတို့ သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိတို့ မိသားစုအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာက ဝါယမစိုက်ထုတ်ကြိုးပမ်း စေလိုကြောင်း၊ ကျောင်းသား/သူများအနေနှင့် ပြင်ပလောကကို ရောက်ရှိချိန် လောကဓံတရားကို ရင်ဆိုင်ကြရမည်ဖြစ်ပြီး မလျှော့သော ဇွဲလုံလ ဝိရီယများထားရှိရေးသည် လွန်စွာ အရေးကြီးပါကြောင်း၊ မိမိကိုယ်ကိုယ် တိုးတက်ကောင်းမွန်အောင် အမြဲကိုးစားကြရန် လိုပြီး လူငယ်မောင်မယ်များအနေနှင့် အမြဲတမ်းလေ့လာသင်ယူပြီး အရည်အသွေးများတိုးတက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း။ ယင်းသို့ပိုမိုကြိုးစားသူများ သည် ကြိုးစားကြသည့်အလျောက် အထွတ်အထိပ်သို့ရောက်ရှိမြဲဖြစ်ပါကြောင်း၊ ယင်းသို့ ကောင်းမွန်သည့် အသိများကို လူငယ်များရင်တွင်းသို့ ရောက်ရှိစေလိုပြီး မိမိအနေနှင့်ယနေ့အခမ်းအနားတွင် ပြောကြားရခြင်းမှာ လူငယ်မောင်မယ်များအတွက် စိတ်ဓာတ်ခွန်အားများ တိုးတက်လာအောင် မျှဝေပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေနှင့်စိုက်ပျိုးရေးကဏ္ဍများ ယခုထက်မက တိုးတက်ရေးအတွက် တတ်စွမ်းသည့် ကဏ္ဍများမှ အစွမ်းကုန်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရနှင့် ချိတ်ဆက်ပေးရမည် ကဏ္ဍများတွင်လည်း အကောင်းဆုံးချိတ်ဆက်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစ ကားပြောကြားခဲ့ပါသည်။

ယင်းနောက် စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)ကျောင်းအုပ်ကြီးမှ စိုက်ပျိုးရေးဒီပလိုမာ ရရှိသည့် ကျောင်းသား/ကျောင်းသူများအား စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းခြင်းအား အခမ်းအနား အစီအစဉ်များ အတိုင်း အပ်နှင်းဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုမှ ပထမနှစ်မှ နောက်ဆုံးနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)ကျောင်းအုပ်ကြီးမှ တတိယအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။