(၇၃) ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားနှင့် (၂၀၁၈-၂၀၁၉) ခုနှစ်တွင် သျှမ်းစာပေသင်ကြားပေးခဲ့သော သျှမ်းဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနားနှင့် လူထုတွေ့ဆုံပွဲ ပိန်းချစ်ကျေးရွာတွင် ကျင်းပ

7-2-2020 1

7-2-2020 2

7-2-2020 3

(၂၀၂၀ ဖေဖော်ဝါရီ ၇)

ကယားပြည်နယ်အစိုးရအဖွဲ့အနေနှင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုဖွား တိုင်းရင်း သားများ၏ ရိုးရာယဉ်ကျေးမှုများ၊ စာပေနှင့် ဓလေ့ထုံး တမ်း များအား မပျောက်ပျက်အောင် ပြုစုပျိုးထောင်နိုင် ရေး တိုင်းရင်းသားများအားလုံး တန်းတူညီသည့် အခွင့် အရေးများ ရရှိရေးအတွက် အထူးအလေးပေး ဆောင်ရွက် လျက်ရှိပါသည်။

ကယားပြည်နယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းသည့် (၇၃)ကြိမ်မြောက် သျှမ်းအမျိုးသား နေ့ အခမ်းအနားနှင့် (၂၀၁၈-၂၀၁၉)ခုနှစ်တွင် သျှမ်းစာပေ သင်ကြားပေးခဲ့သော သျှမ်းဆရာ/မများအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားအား (၇.၂.၂၀၂၀)ရက်နေ့ (၀၉: ၀၀) နာရီအချိန် ပိန်းချစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ကယားပြည်နယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ သျှပ်းစာပေသင်ကြားပေး ခဲ့သည့် ဆရာ/ဆရာမများနှင့် ပိန်းချစ်ကျေးရွာမှ တိုင်းရင်း သားမိဘပြည်သူများစုံလင်စွာ တက်ရောက်ခဲ့ကြ ပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက ပိန်းချစ်ဘုန်းတော်ကြီး ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆရာတော်ထံမှ သြဝါဒများခံယူခဲ့ ပါသည်။ ယင်းနောက် ကယာပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက (၇၃)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့နှင့် (၂၀၁၈-၂၀၁၉)ခုနှစ်တွင် သျှမ်း စာပေသင်ကြားပေးခဲ့သော သျှမ်းဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် သျှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း နှင့်ပတ်သက်၍ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ကော်မတီ နာယက ဦးဆရာမောင်က ရှင်းလင်းတင်ပြခဲ့ ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲ များက ကယားပြည်နယ်အတွင်း သျှမ်းစာပေယဉ်ကျေးမှု နှင့်ပတ်သက်၍ ဦးစီးဆောင် ရွက်ပေးခဲ့ကြပါသော သျှမ်း ဆရာကြီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ (၂၀၁၈-၂၀၁၉) ခုနှစ်တွင် သျှမ်းစာပေသင်ကြား ပေးခဲ့သော သျှမ်းဆရာ/ဆရာမ(၃၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ပိန်းချစ် ကျေးရွာတွင် တပေါင်းပွဲကျင်းပပြုလုပ်ပြီး နှစ်စဉ်ဆွမ်း လောင်းလှူပွဲ ကျင်းပခဲ့ပါကြောင်း၊ ယခုအခါ ဆွမ်း လောင်းပွဲတော်အား မကျင်းပနိုင်တော့သဖြင့် ပြည်နယ် အစိုးရအဖွဲ့ အနေနှင့် လိုအပ်သည်များ ကူညီ ပံ့ပိုးပေး စေလိုကြောင်း၊ ထို့အပြင် ပိန်းချစ်ကျေးရွာတွင်း လမ်း အား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးစေ လို ကြောင်း၊၊ ဒီးမော့ဆိုမြို့နယ်မှ ငွေတောင်ကျေးရွာနေ သျှမ်းတိုင်းရင်းသားများ အနည်းငယ်သာရှိ၍ ယင်းတို့ အတွက် ဓမ္မာရုံမြေနေရာရရှိရေး ပံ့ပိုးကူညီဆောင်ရွက် ပေးစေလိုပါကြောင်း၊၊ ပိန်းချစ်ကျေးရွာ လျှပ်စစ်မီးတိုင် များ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လိုအပ်နေသော မီးလိုင်း များ ဆောင်ရွက်ပေးနိုင်ရေး ပံ့ပိုးပေးစေလိုကြောင်း၊ ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးဖိုဆောင် အဆင်မပြေဖြစ် နေသဖြင့် အဆင်ပြေစေရေး ဆောင်ရွက် ပေးစေလိုကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဝမ့်လထွားကျေရွာ အရှေ့ပိုင်း မီးအား လုံလောက်မှုမရှိ၍ မီးအားပြည့်မီစွာ ရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ နားဆုံကွေ့ ရွာအဝင်လမ်း ကျောက်ချောလမ်း(၁)မိုင် ရရှိရေးဆောင် ရွက် ပေးစေလိုကြောင်း၊ သျှမ်းရိုးရာ ယဉ်ကျေးမှု ပွဲတော် များကျင်းပဆောင်ရွက်နိုင်ရေးအတွက် မြေနေရာရရှိရေး ဆောင်ရွက် ပေးစေလိုကြောင်း၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာသည် ပညာရေး၊ စီးပွားရေး၊ လူမှုရေး နောက်ကျနေပြီး အနာဂတ်လူငယ်များအတွက် စိုးရိမ် နေမိပါကြောင်း၊ ထို့အပြင် ရွာလယ်လမ်းကောင်းမွန်စွာ မရှိသဖြင့် ကျောက်ချောလမ်းရရှိရေး ဆောင်ရွက်ပေးစေ လိုကြောင်း၊ ရွာ၏နိမ့်ကျနေသည့် အခြေအနေများကို မြှင့်တင်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေး နိုင်မည့် အဖွဲ့အစည်း များစေလွှတ်ပေးစေ လိုကြောင်း၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကျိုင်းတုံကျေးရွာ ရွာလမ်းမကြီး ဘေး တစ်လျှောက် လမ်းမီးရရှိရေး ဆောင်ရွက်ပေးစေ လိုကြောင်း၊ ပိန်းချစ် ရှေးဟောင်းစေတီတော် သန့်ရှင်း သပ်ယပ်စေရေး ပံ့ပိုးဆောင်ရွက်ပေးစေ လိုကြောင်း၊ ကွန်နားကျေးရွာ ရွာလယ်လမ်း ပေ(၁၂၀၀)ပေ ကိုယ်ထူ ကိုယ်ထ ကွန်ကရစ် ခင်းထား ပြီး (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်၍ လိုအပ်သောရန်ပုံငွေများကို ပံ့ပိုးပေးစေ လိုကြောင်း၊ ထို့အပြင် ကွန်နားအပေါ်ရွာ လမ်းရရှိပြီး အောက်ရွာ လမ်းမရရှိသဖြင့် ဆောင်ရွက် ပေးစေလို ကြောင်း၊ ကွန်နားရွာ ဆည်ရေလွှဲမြောင်းများ အား ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အသီးသီးတင်ပြခဲ့ကြပါသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ကွင်းဆင်းစိစစ်ဆောင်ရွက် ပေးမည့် အခြေအနေများနှင့် ရန်ပုံငွေများ လျာထားဆောင်ရွက် ပေးမည့် အခြေအနေများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

ယင်းနောက် သျှမ်းအမျိုးသားနေ့ဖြစ်မြောက်ရေးနှင့် ကယားပြည်နယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဖြူက ကျေးဇူးတင်စကားပြန်လည် ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီး ချုပ်မှ လွိုင်လင်လေးဒေသ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများအတွက် ရန်ပုံငွေကျပ် (၃)သိန်းတိတိအား ထောက်ပံ့ပေးအပ်ခဲ့ပြီး (၁၀:၄၅)နာရီအချိန်တွင် အခမ်း အနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။