အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်  ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်း သဘင် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊  ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ ( အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ၊ မဟာဂန္တဝါစကပဏ္ဍိတ) ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညို ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ၊ ဒေသကွပ်ကဲရေးမှူးနှင့်ဇနီး ၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယ၊ ပထမကြီးတန်း ၊ ပထမလတ်တန်း ၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းနှင့် နိကာယ် အုပ်စု(၈)ကျမ်းပြီး စာအောင်ဆုရ သံဃာတော်များအားလည်းကောင်း ၊ ပြည်နယ်ဝန်ကြီးချုပ် ၏ဇနီးနှင့် တာဝန်ရှိသူများက ပထမကြီးတန်း ၊ ပထမငယ်တန်းနှင့် အခြေပြု မူလတန်း စာအောင် ဆုရသီလရှင်များနှင့် ဝိသုဒ္ဓိမဂ်နှင့်အဘိဓမ္မာ စာအောင်ဆုရ  လူပုဂ္ဂိုလ်များအား လည်းကောင်း ဂုဏ်ပြုအလှူတော်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ ( အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ မဟာဂန္တဝါစကပဏ္ဍိတ) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာ စက္ကထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်  ၂၀၂၃ ခုနှစ် ၊ စာအောင်ဆုနှင်း သဘင်မင်္ဂလာအခမ်းအနားတွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ ၊ ပထမကြီးတန်း ၊ ပထမလယ်တန်း ၊ ပထမငယ်တန်း ၊ အခြေပြုမူလတန်း ၊ နိကာယ်ကျမ်းနှင့် ဝိသုဒ္ဓိမဂ် ၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင် ၊ ရိုးရိုး) စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူ ကြသော စာအောင် သံဃာတော်များ ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ် (၁၁၄)ပါး/ဦး တို့အား ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့် လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။