အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ၂၀၂၃ ခုနှစ် ၊ လွိုင်ကော်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသတင်း

ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ နှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါ အဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ထေးသမရပ်ကွက် ၊ ဒေါဆော်ဘီးကျေးရွာသို့ သွားရောက်၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက  လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင် စာရင်းအား တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ 
ဦးစွာ ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေါဆော်ဘီးကျေးရွာတွင် တစ်အိမ်တက်ဆင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များမေးမြန်း ကောက်ယူ နေမှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများအား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ ရခြင်းအကြောင်းနှင့် မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
၂၀၂၃ ခုနှစ် ၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းသည် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း မဆောင်ရွက်မီ တစ်နှစ်အလိုဖြစ်သည့် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို  ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့်  လွိုင်ကော်မြို့နယ် ၌ စာရင်းကောက်ကွက်(၂)ခုဖြစ်သည့်  ဒေါဆော်ဘီးကျေးရွာနှင့် ရွှေတောင် ရပ်ကွက်တို့၌ လူဦးရေနှင့် အိမ်အကြောင်းရာ သန်းခေါင် စာရင်းအား Mobile Tabletများ အသုံးပြုပြီး CAPI နည်းစနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူ လျက်ရှိကြောင်းသိရသည်။