အဓိကအကြောင်းအရာသို့ သွားမည်
x

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ၊ လူကုန်ကူးမှုအန္တရာယ် ကာကွယ် တားဆီးရေး နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးတာဝန်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် မှုခင်းများထိရောက်စွာ ဖော်ထုတ်နိုင်ရန်နှင့် ပြည်သူများ၏ နစ်နာမှုများအတွက် အကောင်းဆုံး နည်းလမ်းများကို အသုံးပြု ဖြေရှင်းဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း ၊ ကယားပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူအပေါ် သစ္စာစောင့်သိပြီး ပြည်သူ့ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ ၊ ဒေသခံပြည်သူများနှင့် ကဏ္ဍပေါင်းစုံတွင် ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၊ ပြည်သူများဘေးကင်း လုံခြုံမှုရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး မောင်မောင်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရဲဗလဘွဲ့တံဆိပ်ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင် (၁)ဦး၊ ရဲတပ်ဖွဲ့ဝင်များ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း(၅၀) ၊ မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့(၃)ဦး ၊ မှုခင်းများ နာရီပိုင်းအတွင်း ဖော်ထုတ်နိုင်မှု ဆုရရှိသူ(၃)ဦး ၊ အမှုများအများဆုံးတရားစွဲတင်နိုင်မှု ဆုရရှိသူ(၂)ဦး ၊ စည်းရုံးရေး နှင့် အုပ်ချုပ်မှုကောင်းမွန်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း ခွင့်မဲ့ပျက်ကွက်မရှိသည့် ရဲစခန်း(၃)ခု တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် (Video Clip)အား ကြည့်ရှုခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရဲဗလဘွဲ့တံဆိပ်ဆု ၊ ဂုဏ်ပြုဆု  ရရှိသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး  ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားခဲ့ကြောင်းသိရသည်။