အဓိကအကြောင်းအရာသို့ သွားမည်
x

ကိုယ်တိုင်ထုတ် ၊ ကိုယ်တိုင်ရောင်းချသူများ အခွန်လွတ်ဈေး လွိုင်ကော်မြို့၌ ဖွင့်လှစ် ရောင်းချနေမှုအား ကြည့်ရှု့အားပေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများ ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန် ၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့်  အခြေခံ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းချလျက်ရှိသည့် အခွန်လွတ်ဈေးသို့ ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကိုယ်တိုင်ရောင်းချသူများဈေးတွင် ကယားပြည်နယ် ဆန်လုပ်ငန်းရှင်များအသင်း ၊ ဆီလုပ်ငန်းရှင်များအသင်းတို့က ဆန် နှင့် ဆီ တို့ကိုလည်းကောင်း ၊  ကိုယ်တိုင်စိုက် /မွေး တောင်သူများက ခြံထွက်ဟင်းသီးဟင်းရွက်များ နှင့် ကြက်ဥ ၊ ဘဲဥ ၊ ငါး များကိုလည်းကောင်း ၊ ပြည်တွင်းစက်ရုံများ မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများကိုလည်းကောင်း ၊ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူ များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက လာရောက် ဝယ်ယူအားပေးလျက်ရှိကြောင်း သိရှိရ သည်။

အဆိုပါ ကိုယ်တိုင်ထုတ် ၊ ကိုယ်တိုင်ရောင်းချသူများဈေးတွင် အခြေခံစားသောက်ကုန် များကို  နေ့စဉ် နံနက် ၆ နာရီအချိန်ခန့်မှစတင်၍ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး လျက်ရှိပြီး မည်သူမဆိုလွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကြောင်းသိရသည်။