အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောက်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ ဆောင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဝန်ထမ်းအိမ်ရာများနှင့် တည်ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာများ၌ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ဘောလုံးပွဲ ကြည့်စင်များ ပြန်လည်မွမ်းမံပြုပြင် တည်ဆောက်နေမှုများနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (၂)ထပ်ဧည့်ရိပ်သာအသစ် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ ၊  သက်ဆိုင်ရာ တည်ဆောက်ရေး ကုမ္ပဏီဝန်ထမ်းများနှင့် တွေ့ဆုံပြီး တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဝန်ထမ်းအိမ်ရာများနှင့် စပ်လျဉ်း၍ ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ရှင်းလင်း တင်ပြခဲ့မှုအပေါ်တွင် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြကာ သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးစေရေးနှင့် အရည်အသွေးများကောင်းမွန်စေ ရေးတို့အတွက် ဆောင်ရွက်သွား ကြရန်လမ်းညွှန် မှာကြားခဲ့ပြီး ဆောက်လုပ်ပြီးစီးသွားသော ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဌာနများအလိုက် တိုက်ခန်းနေရာချထားပေးရေးတို့ကို ဆက်လက်စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။