အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၂ ခုနှစ် ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် ၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အသင်းများ နှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် တက်ရောက်လာကြ သူများက ဗိုလ်လုပွဲစဉ်အနေဖြင့် လွိုင်ကော်မြို့နယ်အသင်း နှင့် မယ်စဲ့မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုအားကြည့်ရှုအားပေးကြသည်။
ထို့နောက် လွိုင်ကော်မြို့နယ်အသင်း နှင့် မယ်စဲ့မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လွိုင်ကော်မြို့နယ်အသင်းက  မယ်စဲ့မြို့နယ်အသင်းအား (၉ ဂိုး - ၆ ဂိုး )ဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အစီအစဉ်အားဆက်လက်ကျင်းပရာ မိုးရာသီဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအတွက်  ဂုဏ်ပြုငွေများအား ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး က လည်းကောင်း ၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု ၊ ဂိုးသမား အကောင်းဆုံးဆု ၊ အကောင်းဆုံးကစားသမားဆု ရရှိကြသည့် အားကစားသမားများအား ငွေသားဆု နှင့် Trophy တို့ကို ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး ကလည်းကောင်း ၊ ပူးတွဲ တတိယဆုရရှိသည့် လူမူရေးရာဝန်ကြီးအသင်း နှင့် ဘောလခဲမြို့နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆုတို့ကို ကယားပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ က လည်းကောင်း ၊ ဒုတိယဆု ရရှိသော  မယ်စဲ့မြို့နယ်အသင်း အားငွေသားဆု  နှင့် ဆုတံဆိပ်များကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြတ်မင်းမိုး က လည်းကောင်း  အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ၂၀၂၂ ခုနှစ် ၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် လွိုင်ကော်မြို့နယ် အသင်းအား တစ်ဉီးချင်း ဆုတံဆိပ် ၊ ငွေသားဆု နှင့် တံခွန်စိုက်ဆုဖလား တို့အား ပေးအပ်ချီးမြှင့်ခဲ့သည် ။
၂၀၂၂ ခုနှစ် ၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅) နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ( ၁၂ ) သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပြည်နယ်အားကစားကွင်း အတွင်း တည်ဆောက်ထားရှိသည့် အားကစားရုံ ၊ အားကစားကွင်း ၊ ပွဲကြည့်စင်များအား ကြည့်ရှုစစ်ဆေးပြီး လေ့ကျင့်ရေးအတွက် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည် လုပ်ငန်းများနှင့်စဉ်ဆက်မပြတ်ထိန်းသိမ်း ဆောင်ရွက် သွားရမည့် လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည် ။