အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ သံဃာတော်အရှင်သူမြတ်များအား မြို့လုံးကျွတ်ဆွမ်းဆန်တော်များ လောင်းလှူပွဲ

ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် သံဃာတော်အရှင်သူမြတ်များအား မြို့လုံးကျွတ် ဆွမ်းဆန်တော်များ လောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ဆုတောင်းပြည့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ လွိုင်ကော်တပ်နယ် ၊ ပြည်နယ်လွှတ်တော် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ် ၁၉ ရပ်ကွက်မှစေတနာရှင်အလှူရှင် တိုင်းရင်းသားပြည်သူများက ဆွမ်းဆန်တော်များ ၊ ဝတ္ထုပစ္စည်းများကို လွိုင်ကော်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း ၄၂ ကျောင်းရှိသံဃာတော်အရှင်သူမြတ် ၈၀၅ပါး နှင့် သီလရှင်ကျောင်း ၄ ကျောင်းရှိ သီလရှင်၈၀ ပါးတို့အား စုပေါင်းလောင်းလှူ ကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။