အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁) ကျင်းပ

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး ၊ ပြည်နယ် ဥပဒေချုပ် ဦးကြည်မြိုင် ၊ ကယားပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်း ကဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး က ၂၀၂၁ခုနှစ် ၊ ဒီဇင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်း ၁ ခုကတည်ဆောက်မှုကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ၊ COVID-19 ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ်  စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်)နှင့် ချေးငွေရယူထားသော ကယားပြည်နယ် အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပဉ္စမအကြိမ်တွေ့ဆုံခဲ့မှုအခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း ၊ ကယားပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့် မြေယာသတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ Land information Bank တွင် ထည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များအား လည်းကောင်း ၊ ပြည်နယ်အတွင်းရှိ အလတ်စားအဆင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အလားအလာရှိသော မွေးမြူရေးလုပ်ငန်း ၊ စက်မှုလုပ်ငန်း ၊ ဆိုလာလုပ်ငန်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးခင်မောင်ဦး၊  ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး နှင့် ကယားပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး တို့က လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့ကြောင်းသတင်းရရှိသည်။