အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ (၃၂)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ (UNCRC Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့၌ (၃၂)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ (UNCRC Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ၊ ကယားပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ဗဟိုဌာန တစ်ခု ဖြစ်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း ၊ အမျိုးသားအဆင့်ကော်မတီ ၊ လုပ်ငန်းကော်မတီ ၊ ဆပ်ကော်မတီများ အပြင် ပြည်နယ်/တိုင်းဒေသကြီးများနှင့် ခရိုင်/မြို့နယ်အဆင့်အထိ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများဖွဲ့စည်းပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကို တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိကြောင်း စသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား တွင်ပြောကြားခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများမှ “ကမ္ဘာမြေ” သီချင်းနှင့် ကလေးသူငယ် အခွင့်အရေး(၄)ရပ်တို့ကို သရုပ်ဖော် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီဥက္ကဋ္ဌ ၊ ကယားပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ပါဝင်ဖျော်ဖြေတင်ဆက်သော ရင်သွေးငယ်လေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။