အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) ကျင်းပ

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး ၊ ကယားပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်း ကဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ကယားပြည်နယ်အတွင်း အားပေးမြှင့်တင်လိုသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် ကာလအလိုက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံချက်(မူကြမ်း)ရေးဆွဲထားမှု ၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့မှု  နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့မှု အခြေအနေအား  ဆွေးနွေးတင်ပြသည်။
ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးခင်မောင်ဦးနှင့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လိုအပ်သည်များဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။