Skip to main content
x

လွိုင်ကော်မြို့တွင် အဆင့်မြင့်အိမ်တွင်မှုစက်ချုပ် သင်တန်းအမှတ်စဉ်(၇)သင်တန်းဖွင့်ပွဲ

လွိုင်ကော်မြို့တွင် အဆင့်မြင့်အိမ်တွင်မှုစက်ချုပ် သင်တန်းအမှတ်စဉ်(၇) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊  ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသူများတက်ရောက်ကြသည်။
ဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်က အဖွင့်အမှာစကားပြောကြားရာ  နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးများနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နယ်စပ်ဒေသရှိလူငယ်များနှင့် အမျိုးသမီးများဘဝရပ်တည်မှု အဆင်ပြေစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် သက်မွေးပညာ သင်တန်း ကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ သင်တန်းသူများ အနေဖြင့် နိုင်ငံတော်အစိုးရ၏ စေတနာကို နားလည်သဘောပေါက်ပြီး သင်တန်းကျောင်း၏ ရည်ရွယ်ချက်အတိုင်း မိမိဘဝအောင်မြင် တိုးတက်ရေးအတွက် ကြိုးစားလေ့လာသင်ယူ ကြရန် မှာကြားလိုကြောင်း   စသည်ဖြင့် ပြောကြားသည်။ 
ဆက်လက်၍ အိမ်တွင်းမှုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ် သင်ကြားမည့် အစီအစဉ်များအားရှင်းလင်းတင်ပြသည်။ ထို့နောက် အဆင့်မြင့်အိမ်တွင်မှု စက်ချုပ် သင်တန်းအမှတ်စဉ်(၇) သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြ သူများက ခင်ကျင်းပြသထားသော ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါသင်တန်းကို၊ အောက်တိုဘာ ၁၉ ရက်မှ မတ် ၂၇ ရက်နေ့အထိ သင်တန်းကာလ ၂၂ပတ်ကြာသင်ကြားပို့ချခဲ့ပြီး မုန့်လုပ်နည်း ၅မျိုး၊ စက်ချုပ်သင်ခန်းစာ ၂၀မျိုး၊ လက်မှုသင်ခန်းစာ ၈မျိုးတို့ကို သင်တန်းသူ ၂၀ဦး တို့အား စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။