Skip to main content
x

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပ

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယနေ့နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ရှိ လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ စတင် ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ် ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူ (၉) ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်က တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့ တက်‌ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦး ရှိပြီး တက်ရောက်သူ (၉၄) ရာခိုင်နှုန်းရှိသည့်အတွက် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (စတုတ္ထနေ့) အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပ ကြောင်း ကြေညာခဲ့သည်။    
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မှုအခြေအနေ တင်ပြချက် ကို အတည်ပြု မှတ်တမ်းတင်ခဲ့သည်။  
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းရာ ဦးစိုးညွန့် ရှားတောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂)က မေးခွန်း (၁) ခု၊ ဦးစောဒီးဒီ ဘောလခဲမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) က မေးခွန်း (၃) ခု၊ ဦးဇော်မင်းဦး မယ်စဲ့မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) က မေးခွန်း (၂) ခု စီမေးမြန်းပြီး ပြည်နယ်ဝန်ကြီးများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးမော်ရယ်က ဦးစိုးရယ် ဒီးမော့ဆိုမြို့နယ် ကိုယ်စားလှယ် အမှတ် (၁) ၏ ကယားပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျ ထိန်းကျောင်း ရေး ဥပဒေကြမ်းအား ပြည်နယ်လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်မသင့်ကို ပြည်နယ်လွှ တ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ လက်ခံဆွေးနွေးရန်အတည်ပြုကြောင်း ကြေငြာသည်။ 
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်က အမှာစကားပြောကြားပြီး တတိယ အကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ရပ်နားကြောင်းနှင့် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း သိရှိရပါသည်။