Skip to main content
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၈)ခုတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ကယားပြည်နယ်ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၈)ခုတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ကော်မတီ(၈)ခုတို့၏ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပထမကာလတို(၅)နှစ် လုပ်ငန်းစီမံချက် (၂၀၁၉ -၂၀၂၃)ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီတွင်ပါဝင်သည့် ဆပ်ကော်မတီ (၈)ခုတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်၍ ကော်မတီများအကြား ကဏ္ဍအလိုက် ပိုမိုညှိနှိုင်းချိတ်ဆက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီမှ ချမှတ်ခဲ့သော လုပ်ငန်းတာဝန်များကို ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ် များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် ပြည်နယ်အတွင်း ကလေးအလုပ်သမား များပပျောက်သွားစေရန် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ရေရှည်ဆောင်ရွက် သွားကြရ မည်ဖြစ်ကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၊ ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ကော်မတီများအားလုံး ချိတ်ဆက် ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ(၈)ခု၏ အတွင်းရေးမှူး များက ကော်မတီအလိုက် ဆောင်ရွက်နေသည့်  ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။