Skip to main content
x

လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ (ဒုတိယနေ့) ဘာသာရပ် ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ (ဒုတိယနေ့) ဘာသာရပ် ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ (ဒုတိယနေ့) ဘာသာရပ်သို့ ဝင်ရောက်ဖြေဆိုရန် လွိုင်ကော်စာဖြေဌာနမှ သံဃာတော် ၂၃ ပါး စာရင်းပေးသွင်းထားပြီး   ၁၆  ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဆရာတော်များ ၊ ပြည်နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက စာဖြေကာလအတွင်းနေ့စဉ် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့မှ  စာဖြေသံဃာတော်များအား နေ့စဉ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဌာနအနေဖြင့်လည်း စာဖြေသံဃာတော် များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။