Skip to main content
x

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂၀၂၁)ကျင်းပ

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂၀၂၁)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရရုံး ၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ဗိုလ်မှူးကြီးမြင့်ဝေ ၊ ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ၊ ဦးစိန်ဦး ၊ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ဦးအံ့မော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ဗိုလ်မှူးကြီးမြင့်ဝေက ပြည်သူများ၏ကျန်းမာရေးကိုစောင့်ရှောက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်း ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား အဆင်ပြေစွာ ထိုးနှံနိုင်‌ရေးအတွက် ဆောက်ရွက်ပေးစေလိုကြောင်း ၊ခရိုင် ၊ မြို့နယ် ကိုဗစ်ကော်မတီများ အနေဖြင့်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ  တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ ပြည်သူများ ကာကွယ်ဆေးများထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၊ တက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူများကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာအကြောင်းအရာများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ အတွင်းရေးမှူး တို့က ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာအကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အထွေထွေဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ဗိုလ်မှူးကြီးမြင့်ဝေက ကိုဗစ်-၁၉ ရောဂါစတုတ္ထလိုင်း ဖြစ်ပေါ်လာပါက ကြိုတင်စီမံဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။