Skip to main content
x
Zayein/Kayan(LaTha)

ဇယိမ်း/ကယန်း (လထာ) မျိုးနွယ်စုများသည် ကယား  ပြည်နယ်အတွင်းရှိ မြို့နယ်များ ဖြစ်သော  လွိုင်ကော်မြို့နယ်တွင် အများစုနေ ထိုင်ကြပြီး  ဒီးမော့ဆိုမြို့နယ်တွင်လည်း အနည်းငယ်နေထိုင် ကြသည်။ဇယိမ်း/ကယန်း(လထာ)မျိုးနွယ်စုများ၏ ထင်ရှား သောပွဲတော်များမှာ အိမ်သစ် တက်ပွဲ၊ ကောက် သစ်စားပွဲနှင့် ချစ်သူကြင်ဖက်ရွေးချယ်ပွဲ တို့ဖြစ်ပါ သည်။ကယန်းတိုင်းရင်းသား၏ မျိုးနွယ်စုဖြစ်သော ဇယိမ်း/ကယန်း(လထာ) မျိုးနွယ်စုသည်လည်း ကယန်း  အမျိုးသားနေ့ပွဲတော်ကို နှစ်စဉ်ကျင်းပကြပါသည်။