Skip to main content
x

၂၀၂၂ခုနှစ် ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၂ ခုနှစ် ၊ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို  စက်တင်ဘာလ(၁၉) ရက်နေ့ ၊ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ကျင်းပရာ  ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ  ၊ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ နှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အိုဇုန်းလွှာ ပျက်စီးပါက ရင်ဆိုင်ကြုံတွေ့ရမည့် ဆိုးကျိုးများ ၊  အိုဇုန်းလွှာ ပျက်စီးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် ထိန်းသိမ်းမှု လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့်  ပြည်နယ်သူ ၊ ပြည်နယ်သားများ ပူးပေါင်းပါဝင်မှု မြှင့်တင်ဆောင်ရွက်သွားရမည့် အချက်များကို ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ် ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် ပြည်နယ်အတွင်း အခြေခံပညာ အထက်တန်း ၊ အလယ်တန်း (ပြည်နယ်အဆင့်) ကျင်းပပြုလုပ်သော စာစီစာကုံး ပြိုင်ပွဲများတွင် ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိကြသော ကျောင်းသား ၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် ၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုအားကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကယားပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ခင်းကျင်းပြသထားသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်းများ နှင့် ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။