Skip to main content
x

လွိုင်ကော်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

လွိုင်ကော်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ် ၊ ဒေါဥခူရပ်ကွက်ရှိ  ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ (၁)ရက်နေ့မှစတင်၍ ပြည်နယ်အားကစားရုံများတွင် အမျိုးသား ၊ အမျိုးသမီး တင်းနစ် ၊ စားပွဲတင် တင်းနစ် ၊ ကြက်တောင် အားကစားပြိုင်ပွဲ နှင့် အမျိုးသား အသင်းလိုက် ဖူဆယ်ဘောလုံးပြိုင်ပွဲများ နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) အားကစားကွင်းတွင် ပြေးခုန်ပစ် ၊ သံလုံးပစ် ၊ လွန်ဆွဲ ၊ အာလူးကောက် နှင့် မုန့်စားပြိုင်ပွဲများကို အသီးသီးကျင်းပခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပြည်နယ်အားကစားရုံ ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊  ပြည်နယ်ညွှန်ကြားရေးမှူး ၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများတို့က ဆုရရှိသော အားကစားသမားများအား ဆုများကို ချီးမြှင့်ခဲ့ကြောင်းသိရသည်။