Skip to main content
x

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ခရိုင်စစ်ဆေးရေးကြီးကြပ်အဖွဲ့များ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ဓါတ်ခွဲအတည်ပြု လူနာများတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး(Stay At Home) အစီအစဉ်တွင် ဩဂုတ် ၂၅ ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားပြီဖြစ်သဖြင့် မြို့နယ်တွင်းနေထိုင်သူ ပြည်သူများစည်းကမ်းတကျ နေထိုင်သွားရန် ခရိုင်အဆင့် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီခွဲတွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် (Stay At Home) အစီအစဉ်တွင် အကျုံးဝင်သည့် ဖွင့်လှစ်ရမည့် ခရိုင်များမှအပ အခြားဆိုင်များဖွင့်လှစ်နေပါက အရေးယူဆောင်ရွက်နိုင်ရေး၊ ဆက်လက်ဆောင်ရွက်သွားရန် ၊ ပြည်သူလူထုများ လိုက်နာမှုရှိ/မရှိအား ရှောင်တခင်(Spot Check) စစ်ဆေးဆောင်ရွက်သွားရန်နှင့်စုပေါင်းစစ်ဆေးရေးဂိတ် နွားလဝိုးဂိတ်၊Quarantine Center များဖြစ်သောကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းနှင့်အိမ်တွင်းမှုသင်တန်းကျောင်း စသည်တို့ကိုလည်း စစ်ဆေးခဲ့သည်။

ယနေ့ကွင်းဆင်းဆောင်ရွက်ရာတွင် လွိုင်ကော်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ၊ ခရိုင်လမ်းဦးစီးဌာန ၊ ခရိုင်သစ်ထုတ်လုပ်ရေး ဦးစီးဌာနနှင့် ခရိုင်ရေအရင်းအမြစ် ဦးစီးဌာနများမှ ဆောင်ရွက်ခဲ့ကြပြီး ခရိုင်ကြီးကြပ်စစ်ဆေးရေးအဖွဲ့များမှ နေ့စဉ်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။