Skip to main content
x

၂၀၂၁ခုနှစ် ၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၁ခုနှစ် ၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၁ခုနှစ် ၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစန်းဝေနှင့် ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစန်းဝေက  အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိိပထမပြန်စာမေးပွဲများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း ၊ ယခင်နှစ်များက ကျင်းပခဲ့သည့် လုပ်ငန်းစဉ်များအတိုင်း ဆပ်ကော်မတီများကိုဖွဲ့စည်းပေးထားပြီး ဆပ်ကော်မတီအလိုက် ခွဲဝေထားသော တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်သွားရန်ဖြစ်ပြီး လိုအပ်ချက်များရှိပါကလည်း ဦးစီးကော်မတီသို့ တင်ပြညှိနှိုင်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးက ၎င်းတို့၏လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သွားမည့် အခြေအနေများ ၊ ကုန်ကျစရိတ်များကို တင်ပြခဲ့ကြရာ ဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစန်းဝေက တင်ပြမှုများအပေါ် ပြန်လည်ညှိနှိုင်းရှင်းလင်းမှာကြားခဲ့သည်။
၂၀၂၁ ခုနှစ် ၊ အစိုးရဓမ္မစရိယစာမေးပွဲကို ဇွန်လ ၁ ရက်နေ့ မှ ဇွန်လ ၉ ရက်နေ့အထိ လည်းကောင်း ၊ ၂၀၂၁ ခုနှစ် ၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ လည်းကောင်း လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တွင် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။