Skip to main content
x

လွိုင်ကော်မြို့ရှိ ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (ချိကယ်) စာသင်ခန်းများ ပြုပြင်ဆောင်ရွက်၊ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပ

ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များအား စိတ်ပါဝင်စားသည့် ကျောင်းသားကျောင်းသူများကို အခြေခံပညာအထက်တန်းအဆင့်ဘာသာရပ်များအပြင် စိုက်ပျိုးရေး နှင့်မွေးမြူရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချိကယ်) တွင် သင်ကြားပို့ချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော် သည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် အကြမ်းဖက်သောင်းကျန်းသူ များကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချိကယ်)ရှိ စာသင်ဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြန်လည်ထူထောင်ရေးရန်ပုံငွေဖြင့် ပြုပြင် ဆောင်ရွက်လျက်ရှိသည့် ၄၀ ပေ x ၃၀ ပေ စာသင်ခန်း (၂) ခန်းအား အမိုး၊ မြှား၊ ဒိုင်း၊ မျက်နှာကြက် အသစ် လဲလှယ်ခြင်း၊ ကျည်းခွေ၊ ပြတင်းပေါက်၊ တံခါးမကြီးအသစ်တပ်ဆင်ခြင်း၊ အတွင်းနံရံ ပြုပြင်ခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ပညာရေးမှူးက စာသင်ခန်းများ ပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားမှုအခြေအနေ၊ စာသင်ခုံနှင့် ပရိဘော ဂများ ဖြည့်ဆည်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က  ဆောင်ရွက် ရန်ကျန်ရှိသည့် လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး အတွက်  လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချိကယ်) တွင် တက်ရောက်လျက်ရှိသည့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ 
ဆက်လက်၍ ပြည်နယ်အတွင်း မသန်စွမ်းသူများ၏ ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူများနည်းတူ တန်းတူညီမျှမှု ရရှိစေရန်နှင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်များကို အလေးထား ဂရုပြုတတ်စေရန် ရည်ရွယ်၍ ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု မသန်စွမ်း အားကစားပြိုင်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ပြည်နယ်အားကစားရုံ အမှတ် (၃) တွင်ကျင်းပသည့် ပန်းချီ၊ စစ်တုရင်နှင့် စားပွဲတင်တင်းနစ် အားကစားနည်းများကိုလည်းကောင်း၊ ပြည်နယ်ဘောလုံးကွင်းအတွင်းတွင် ကျင်းပသည့် သံပြားပစ်၊  လှံတံပစ်ပြိုင်ပွဲများ၊ ပိုလီယို (ကျား/မ) မီတာ(၅၀) အပြေး၊ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ် က အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။
ယနေ့ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြို လှုပ်ရှားမှု မသန်စွမ်း အားကစားပြိုင်ပွဲကို ပွဲစဉ် (၁၇) ပွဲ၊ အားကစားနည်း (၇) နည်း၊ ကစားသမား ၈၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရှိရသည်။