Skip to main content
x

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက အဖွင့်အမှာစကား ပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ၊ အသိပညာပေးလုပ်ငန်းများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အတွင်းတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ပတ်သက်၍ ကိုက်ညီမှုမရှိသည့် ကုန်စည်များ ရောင်းချနေသော စီးပွားလုပ်ငန်းရှင်များကို ကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ ၊နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားကြရမည်ဖြစ်ကြောင်း ၊ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးအတွက် ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များ ၊  လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ၊ ပြည်နယ်အတွင်းရှိ စားသုံးသူမိဘပြည်သူများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို  သိရှိနားလည်မှသာ တောင်းဆိုရယူတတ်မှုများ ၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်းသည့် အခွင့်အရေးများကို ကောင်းမွန်စွာ အသုံးချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က (၄/၂၀၂၂) အစည်းအဝေးတွင် တင်ပြသည့် အမှာစာများအား ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌက ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။