Skip to main content
x

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) ကျင်းပ

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁) ဆုံးဖြတ်ချက်အပေါ်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ရင်းနှီးမြုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်း ကဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅)ခုမှ လုပ်ငန်းယာယီရပ်ဆိုင်းခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ ၊ COVID-19 Fundမှ ချေးငွေရယူထားသည့် လုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့မှုအခြေအနေများ ၊ BOT စနစ်ဖြင့် ဘီလူးချောင်း(၃)ရေအားလျှပ်စစ် စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သော Future Energy Co.,Ltd ကိုကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးခင်မောင်ဦးနှင့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လိုအပ်သည်များဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။