Skip to main content
x

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအရှိန်အဟုန်မြှင့်စစ်ဆေးရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့ဝင်/ထွက်ဂိတ်များတွင် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်နေမှုကို စက်တင်ဘာလ ၁၆ ရက် နံနက် ၈ နာရီခွဲက တာဝန်ရှိသူတို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် လွိုင်ကော်မြို့ဝင် နွားလဝိုးစစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသော ဒေသခံပြည်သူ များအား Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုယ်အပူချိန်တိုင်းတာ စစ် ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်သားခြင်း၊ RTD Tesk Kit ဖြင့်စစ်ဆေးဆောင်ရွက်ခြင်းနှင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များမှ လာရောက်သူများအား Quarantine ဝင်ရောက်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတို့က စနစ်တကျစစ်ဆေးဆောင်ရွက်နေမှုကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စစ်ဆေးကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ များပြားလာခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ Stay At Home နေအိမ်တွင်နေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားရှိကြောင်း၊  ကယားပြည်နယ်တွင် ယမန် နေ့က ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၈၅)ဦးအပါအဝင် ရောဂါပိုးတွေ့ရှိသူ(၂၇၄၄)ဦး၊ ရောဂါ သက်သာပြီး ဆေးရုံဆင်းခွင့်ရသူ(၂၁၉၆)ဦး၊ ဆေးကုသဆဲ(၄၃၈)ဦးနှင့် သေဆုံးသူ(၁၁၀)ဦး ရှိကြောင်း ပြည်နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။