Skip to main content
x

ဒီးမော့ဆိုမြို့နယ်၌ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အဆောက်အဦများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် စုပေါင်းရုံးခန်းမ၌ ယနေ့ ညနေပိုင်း ၃ နာရီအချိန်က ဒီးမော့ဆိုမြို့နယ်၌ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အဆောက်အဦများအတွက် ထောက်ပံ့ငွေ နှင့် ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် က အဖွင့်အမှာစကားပြောကြားပြီး ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အဆောင်အဦများ အတွက် သွပ်မိုး၊ အုပ်၊ ဘိလပ်မြေ နှင့် ထောက်ပံ့ငွေများကို ကယားပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေစင်ဦး၊ လွိုင်ကော်ခရိုင် စီမံခန့်ခွဲရေးအဖွဲ့  ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင် နှင့် တာဝန်ရှိသူတို့က ဒီးမော့ဆိုမြို့နယ်၌ စစ်ဘေးဒဏ်ကြောင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် နှင့် တာဝန်ရှိသူများ၊ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများ တက်ရောက်ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားသော Covid-19 ကျန်းမာရေးစည်းကမ်းချက် နှင့်အညီ  ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။