Skip to main content
x

ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့၊ ကုတင်(၅၀၀) ဆေးရုံးကြီး ကြီးကြပ်မှုကော်မတီသို့ Oxygen Generator (25m3 -၁ လုံး) ၊( 50m3 -၁လုံး ) ၊Oxygen Cylinder 40Lအိုး - ၂၀၀လုံး ၊စက်ရုံအဆောက်အဦ(၂)လုံးနှင့် ခြံစည်းရိုးတံခါးဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့၊ ကုတင်(၅၀၀) ဆေးရုံးကြီး ကြီးကြပ်မှုကော်မတီသို့  Oxygen Generator  (25m3  -၁ လုံး) ၊( 50m3 -၁လုံး ) ၊ Oxygen Cylinder   40Lအိုး - ၂၀၀လုံး ၊ စက်ရုံအဆောက်အဦ(၂)လုံးနှင့် ခြံစည်းရိုးတံခါး(၁)ချပ်  ဆောက်လုပ်ရန်အတွက် ကုန်ကျငွေကျပ်သိန်း (၂၅၉,၃၇၁, ၉၀၀)အား ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်က ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ရခြင်းအကြောင်းအရာနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့ ၊ ကုတင် (၅၀၀)ဆေးရုံကြီး ကြီးကြပ်မှုကော်မတီသို့ လှူဒါန်းငွေ စုစုပေါင်းကျပ်သိန်း (၂၅၉,၃၇၁, ၉၀၀)အား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့ ၊ ကုတင်(၅၀၀)ဆေးရုံကြီး ကြီးကြပ်မှုကော်မတီက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပြီး လွိုင်ကော်မြို့ ၊ ကုတင် (၅၀၀) ဆေးရုံကြီး ကြီးကြပ်မှု ကော်မတီဝင် ၊ လွိုင်ကော်ပြည်သူ့ဆေးရုံ ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စန်းမြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်လူမှုရေးရာဝန်ကြီးဌာန ၊ ဝန်ကြီး ဦးထိန်ဝင်း ၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဝန်ကြီး ရဲမှူးကြီး မျိုးဆွေ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် နှင့် ဆေးရုံကြီးကြပ်မှုကော်မတီများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။