ကယားပြည်နယ်သတင်းများ

article thumbnail(၂၀၁၉ သြဂုတ် ၂၃) ဒီးမော့ဆိုမြို့နယ်၊ ဝမ်လထွားကျေးရွာတွင် တည်ထား ကိုးကွယ် လျက်ရှိသည့် “ဖူးရင်ထူးခြား” စေတီတော်မြတ် ကြီးနှင့် အရန်စေတီတော် (၆၀)ဆူတို့အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း ဆောင်ရွက်နိုင်ရန်နှင့် ဟင်္သာ တံခွန်တိုင် တည်ထားနိုင်ရန်အတွက် ရန်ပုံငွေ ပေးအပ် လှူဒါန်းခြင်းအား ဒီးမော့ဆိုမြို့နယ်၊ ဝမ်လထွား ဘုန်းတော် ကြီးကျောင်း၌ (၂၃.၈.၂၀၁၉) ရက်နေ့ (၁၅၁၅)နာရီ အချိန်တွင်...
article thumbnail(၂၀၁၉ သြဂုတ် ၂၃) ကယားပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍ များ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ချက် များဖြင့် “ကနူး၊ ကယက် ရာဘာလှေစီးခရီးစဉ်နှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း” (Boat Trip & Eco-Tourism Project )ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် Ardent Alliance Co.,Ltd မှ တာဝန်ရှိသူများမှ ရေတို/ရေရှည်စီမံချက်များသတ်မှတ်ပြီး စီမံချက်များ ရှင်းလင်း ခြင်းအား (၂၃-၈-၂၀၁၉)ရက်နေ့ (၁၀ဝ၀)နာရီအချိန်...
article thumbnail(၂၀၁၉ သြဂုတ် ၂၃) “ရိုင်းပင်းကူညီ ကြက်ခြေနီ” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိသည့် လူငယ်မောင်မယ်များ တိုးတက် များပြားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ကယားပြည်နယ်အသင်းခွဲရုံးတွင် ရှေးဦးပြုစု ခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၂/၂၀၁၉)အား (၂၁-၈-၂၀၁၉)ရက်နေ့မှ (၂၃-၈-၂၀၁၉)ရက်နေ့အထိ သင်တန်းသား(၈)ဦးနှင့် သင်တန်းသူ(၂၁)ဦး စုစုပေါင်း (၂၉)ဦးဖြင့်...
article thumbnail(၂၀၁၉ သြဂုတ် ၂၂) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက် သည့် လူထုဗဟိုပြုစီမံကိန်းများကို မြန်မာနိုင်ငံတွင် မြို့နယ် (၆၃)မြို့နယ်၌ ဆောင်ရွက်လျက်ရှိပြီး ကယား ပြည်နယ်အနေနှင့် မြို့နယ်(၇)မြို့နယ်လုံးတွင် ပြည်နယ် လုံးကျွတ် ဆောင်ရွက်လျက်ရှိရာ ဒီးမော့ဆိုမြို့နယ်၊ လူထု ဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ် အဆင့် သက်ဆိုင်သူ...
article thumbnail၂၀၁၉ သြဂုတ် ၂၁ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက်ရာတွင် စံပြသင်တန်းသားဆုရရှိသည့်အတွက် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉း၃၀ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ (၈-၉-၂၀၁၅)ရက်နေ့မှ (၁၁-၁၁-၂၀၁၅) ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့်...

သတင်းထုတ်ပြန်ချက်

article thumbnail၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၆) ရက်နှင့် (၂၇) ရက်နေ့တို့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့၏ ဆွေးနွေးပွဲ ရလာဒ်ဖြစ်သော ငြိမ်းချမ်းရေး ကော်မရှင်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ ပူးတွဲထုတ်ပြန် ကြေညာ ချက်

သဝဏ်လွှာ

article thumbnailကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျားယနေ့ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိ ယနေ့)သို့ တက်ရောက်လာကြသော ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ကြီးနှင့်တကွ ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်...
article thumbnailအားလုံးပဲ မင်္ဂလာအပေါင်းနှင့်ပြည်စုံသော နံနက်ခင်းဖြစ်ပါစေခင်ဗျာ ယနေ့ ကျရောက်သည့် ကယားပြည်နယ်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော (၆၆)နှစ်မြောက် “ကယားပြည်နယ် နေ့” အထိမ်းအမှတ် လူထုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးကြပါ သော အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော် ဒု ဥက္ကဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်...

(၆၆) နှစ်မြောက်၊ ကယားပြည်နယ်နေ့ အထိမ်းအမှတ် လူထုအခမ်းအနားတွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ပြောကြားသည့် မိန့်ခွန်း

အားလုံးပဲ မင်္ဂလာအပေါင်းနှင့်ပြည်စုံသော နံနက်ခင်းဖြစ်ပါစေခင်ဗျာ

ယနေ့ ကျရောက်သည့် ကယားပြည်နယ်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော (၆၆)နှစ်မြောက် “ကယားပြည်နယ် နေ့” အထိမ်းအမှတ် လူထုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးကြပါ သော အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော် ဒု ဥက္ကဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူ ညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး စိတ္တသုခ၊ ကာယသုခ၊ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပဏာမ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
ကျွန်တော်တို့ကယားပြည်နယ်အတွင်း ကယား၊ ကယန်း၊ ကယော၊ ယင်းဘော်၊ မနုမနော၊ ဂေခို၊ ဂေဘား၊ ယင်းတလဲ၊ ဇယိန်း စတဲ့ အခြေခံ ကယားလူမျိုး(၉)မျိုး တို့အပြင် အခြား တိုင်းရင်းသားများဟာ မိမိယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်း စဉ်လာများဖြင့် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး ယနေ့ဆိုလျှင် “ပြည်နယ်နေ့” အဖြစ် ကျင်းပခဲ့သည်မှာ (၆၆)နှစ် ပြည့်မြောက်ခဲ့ပြီပီပဲ ဖြစ်ပါတယ်။
ယခုဆိုလျှင် ပြည်သူတွေတင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့တာ (၂)နှစ်တာကာလ ပြည့်မြောက်တော့မှာလည်း ဖြစ်ပါတယ်။ ပြည်သူများ အားကိုးယုံကြည်လို့တင်မြောက်ခဲ့တဲ့ အစိုးရဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့တွေအနေနဲ့လည်း ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများနှင့်အတူ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေတာကိုလည်း ပြည်သူများအားလုံး အသိပဲဖြစ်ပါတယ်။
ယခုလို ဖော်ဆောင်တဲ့နေရာမှာလည်း အားလုံးတော့ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ အားနည်းချက်၊ အားသာချက်တွေရှိနေမှာတော့ အမှန်ပါပဲ။ ဒီအားနည်းချက်တွေကိုလည်း ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်မူဘောင် ထဲကနေ အများပြည်သူအကျိုးအတွက် အားသာချက် ဖြစ်လာအောင် အလေးပေး ဖော်ဆောင်လျက်ရှိပါတယ်။ အားသာချက်တွေကိုလည်း ကောင်းသထက်ကောင်းအောင် ဆက်လက်ကြိုးပမ်း ဖော်ဆောင်လျှက်ရှိတယ် ဆိုတာကို ပြည်သူများ ယုံကြည်စေချင်ပါတယ်။
ယခုဆိုလျှင် ကယားပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ကဏ္ဍအားလုံးကို ဖော်ဆောင်ပေးနေ သော ဌာန/ အဖွဲ့အစည်းအားလုံးကို လမ်းညွှန်ချိတ်ဆက် ဖော်ဆောင်ပေးနေတဲ့“ ပြည်နယ် အစိုးရအဖွဲ့ရုံး” ကိုလည်း ပြည်နယ်အဆင့်နှင့်လျော်ညီစွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်ရာမှာ အသွင်သဏ္ဍန်သာမက ပြည်သူ့များသို့ ဝန်ဆောင်မှုပေးတဲ့နေရာမှာ အနှစ်သာရပါ ပြည့်စုံတဲ့ရုံးဖြစ်လာစေဖို့ ဖော်ဆောင်နေတယ်ဆိုတာ ပြည်သူအားလုံးကို ပြောကြားချင်ပါတယ်။ အလားတူ ဥပဒေပြုရေးမဏ္ဍိုင် ပိုမိုအသက်ဝင်လာစေဖို့အတွက်လည်း ကယားပြည်နယ်လွှတ်တော်ရုံးကို တည်ဆောက်လျှက်ရှိပြီး မကြာမီ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။
အမှန်တကယ် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ဖော်ဆောင်တဲ့ အခန်းကဏ္ဍမှာ အစိုးရနဲ့လွှတ်တော်ဆိုတာ ပြည်သူတွေရဲ့အသက်ပါပဲ။ အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူတွေ အတူတကွ လက်တွဲပြီး ပြည်နယ်ရဲ့အကျိုး၊ နိုင်ငံရဲ့အကျိုးကို ဆထက်တပိုး တိုးပွားအောင် ဝိုင်းဝန်းပူးပေါင်းဖော်ဆောင်ဖို့ ဒီနေ့ အခမ်းအနားကနေ မှာကြားချင်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အစိုးရအဖွဲ့အဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ကာလမှ စပြီး ယနေ့အထိ ပြည်နယ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးစတဲ့ ကဏ္ဍအလိုက် တိုးတက်မြင့်မားလာအောင် ဖော်ဆောင်တဲ့အခါမှာ ငြိမ်းချမ်းရေးရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှအရေးကြီးတယ် ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးရဲ့အရေးပါပုံကိုပဲ သိရုံနဲ့တင် မပြီးသေးပါဘူး။ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍက ပါဝင်ပြီး တူညီတဲ့ အမြင်နဲ့ ဝိုင်းဝန်း ပူးပေါင်းဖော်ဆောင်ဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။
ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ပွဲတော်များ၊ အစဉ်အဆက်ယုံကြည်ခဲ့ကြသည့် ဒဏ္ဍာရီလာ စိတ်ဝင်စားဖွယ်ရာနေရာများ၊ သဘာဝအလှအပတွေဟာ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ကောင်းတွေပဲဖြစ်ပါတယ်။ ဒီ အထောက်အပံ့ကောင်းတွေကို အသုံးပြုပြီး ဂေဟစနစ်ကို မပျက်စီးစေဘဲ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စောင်းပေး ဖော်ဆောင်လျက်ရှိပါကြောင်း သိစေချင်ပါတယ်။
ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကိုလည်း ပြည်နယ်ရဲ့ အဓိကအခန်းကဏ္ဍ အဖြစ် ဖော်ဆောင်ရာမှာ တောင်သူများ ရာသီဥတုနဲ့ ဈေးကွက်ပေါ်မူတည်ပြီး နည်းစနစ် မှန်ကန်စွာနဲ့ စိုက်ပျိုးမွေးမြူနိုင်စေရေး၊ ဒေသ ထွက်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး၊ ပြည်နယ်နဲ့ စိုက်ပျိုးမွေးမြူတောင်သူများ ဝင်ငွေတိုးတက်လာစေရေးတို့ အတွက်လည်း ပြည်တွင်း /ပြည်ပ အသိပညာရှင်/ အတတ်ပညာရှင်များကို ဖိတ်ခေါ် ဆောင်ရွက်လျှက်ရှိပါတယ်။ ဒေသခံတိုင်းရင်းသားပြည်သူများ ကိုယ်တိုင်ကလည်း ကိုယ်စီ ကိုယ်စီ ဝါယမစိုက်ထုတ် ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း မှာကြားလိုပါတယ်။
ပြည်နယ်အတွင်းရှိ အလွှာအသီးသီးမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မြင့်မား လာစေဖို့နဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အတတ်ပညာများ သင်ယူတတ်မြောက်နိုင်ဖို့အတွက်လည်း အလေးထား ဖော်ဆောင်လျှက်ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ဖော်ဆောင်ရာမှာလည်း နှီးနှောဆက်နွယ် လျှက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံများ တိုးတက်လာစေဖို့၊ ရင်းနှီးမြုပ်နှံမှုများ တိုးတက်လာစေဖို့အတွက် လွိုင်ကော်မြို့ ရှိ စက်မှုရပ်ကွက်ကို စက်မှုဇုန်အဖြစ် သတ်မှတ်ဖော်ဆောင်နိုင်ရေး လုပ်ထုံးလုပ်နည်းများနဲ့အညီ တင်ပြဆောင်ရွက် ထားရှိပြီးလည်းဖြစ်ပါတယ်။ ဥပမာ- ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာလုပ်ငန်းများ ဖော်ဆောင်ရာမှာ ပြည်သူတွေအနေနဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိရှိပြီး အမြင်ကျယ်ကျယ်နဲ့ ပူးပေါင်းဆောင် ရွက်နိုင်ဖို့ များစွာအရေးကြီးပါ တယ်ဆိုတာလဲ လေးလေးနက်နက် အသိပေးချပြလိုပါတယ်။
ကျိုးကြောင်းမခိုင်လုံဘဲ ထင်ယောင်ထင်မှား၊ ယုံမှားသံသယတွေ ရှိနေမယ်ဆိုရင်လည်း နားလည် တတ်ကျွမ်းသူများက အသိပညာ လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုအခန်း ကဏ္ဍတွေမှာလည်း ပြည်သူတွေကို မှန်ကန်တဲ့ အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့ INGO/ NGO/ CSO စတဲ့ လူမှုရေးအသင်းအဖွဲ့များရဲ့ “အား” ဟာလည်း များစွာလိုအပ်ကြောင်း ယနေ့အခမ်းအနားမှာ အသိအမှတ်ပြု ပြောကြားလိုပါတယ်။
ဒါ့အပြင် ဒေသနဲ့ကိုက်ညီပြီး ဝင်ငွေအခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မယ့် နိုင်ငံတကာ အသိအမှတ်ပြု အသက်မွေးဝမ်းကြောင်းသင်တန်း (ကာလတို/ ကာလရှည်)များ ဖွင့်လှစ်နိုင်ဖို့လည်း ကြိုးပမ်းဖော်ဆောင် လျှက်ရှိပါတယ်။ ဒီအခန်းကဏ္ဍကို အောင်မြင်အောင် ဖော်ဆောင်တဲ့နေရာမှာလည်း ပြည်သူတွေ ပူးပေါင်း ပါဝင်မှသာ ကာလတစ်ခုအတွင်း ထိရောက် အောင်မြင်လာမှာ ဖြစ်ပါတယ်။
ပြည်နယ်အတွင်း စက်မှုလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာလုပ်ငန်းများ ဖော်ဆောင်ရာမှာလည်း အစိုးရအနေနဲ့ ဒီမိုကရေစီအမြင်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ ချပြဆောင်ရွက်နေတာလည်း ပြည်သူအားလုံးအသိပဲဖြစ်ပါတယ်။ ဒီလို ချပြရာမှာ ပြည်သူတွေရဲ့ ထောက်ခံမှု အားနည်းနေရင် ဒီကဏ္ဍတွေ ဖော်ဆောင်ရာမှာ နှောင့်နှေးကြန့်ကြာ နေအုံးမှာပါပဲ။ သဘာဝဂေဟစနစ်ကြီးမပျက်စီးဖို့ ကိုယ်တိုင်လည်းအသိစိတ်နဲ့ ထိမ်းသိမ်းဖို့ လိုအပ်သလို ပြည်သူအားလုံး၊ တစ်ဦးချင်း တစ်ယောက်ချင်းစီမှာလည်း ကိုယ်စီ ကိုယ်စီ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ၊ အစိုးရနဲ့အတူပူးပေါင်းပြီး အမြင်ကျယ်ကျယ်နဲ့ ဝန်းရံဖို့ မေတ္တာ ရပ်ခံ တိုက်တွန်းမှာကြားလိုပါတယ်။
စီမံခန့်ခွဲမှု အခန်းကဏ္ဍ အနေနဲ့လည်း ပြည်သူတွေတင်မြှောက်တဲ့ အရပ်သားအစိုးရ ပီပီ ကွင်းဆင်း ဆောင်ရွက်ရာမှာ “အစိုးရ၊ လွှတ်တော်၊ ဌာန၊ ပြည်သူများ” ထိတွေ့ပြီး ပြည်သူများ မိမိဒေသ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မှန်မှန်ကန်ကန်၊ သတ္တိ ရှိရှိ တင်ပြဖို့လည်း အခွင့်အရေးတွေ အပြည့်အဝ ပေးအပ်ထားပြီးလည်းဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကို ထိထိရောက်ရောက်အသုံးချပြီး မိမိဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် တူညီသော အမြင်တွေနဲ့ ဖော်ဆောင်သွားကြဖို့လည်း ပြည်သူတွေကို တိုက်တွန်းပြောကြား လိုပါတယ်။ ကိုယ်တိုင်ဖြစ်ထွန်း အောင်မြင်ချင်တယ်ဆိုရင် မိမိတို့ ကိုယ်တိုင်က ကိုယ်စီ ကိုယ်စီ ဝါယမ စိုက်ထုတ်ဖို့လည်း ချပြချင်ပါတယ်။
တရားဥပဒေစိုးမိုးရေးကဏ္ဍအနေနဲ့လည်း အစိုးရသစ် စတင်တာဝန်ထမ်းဆောင်ချိန်ကပင် မူဝါဒချမှတ် ခဲ့ပြီး တိုင်းရင်းသားပြည်သူများ ဥပဒေဘောင်အတွင်း အေးချမ်း၊ လုံခြုံစွာ မှီတင်းနေထိုင်ရေးအတွက် စီမံဖော် ဆောင်ပေးလျှက်ရှိပါတယ်။ ဒီလို တရားဥပဒေစိုးမိုးရေးကဏ္ဍဖော်ဆောင်ရာမှာ အစိုးရတစ်ခုတည်းကမဟုတ်ဘဲ ပြည်သူများအားလုံးက ဥပဒေဘောင်အတွင်းက အေးချမ်းသာယာစွာ မှီတင်းနေထိုင်ဖို့ကလည်း များစွာအရေးကြီး ပါတယ်။ ဒါတွေကို မလိုက်နာရင် တရားဥပဒေစိုးမိုးမှုဟာလည်း အားနည်းနေအုံးမှာပါပဲ။
ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအများစုဟာ ရိုးသားကြတယ်ဆိုတဲ့ ဂုဏ်ကို ထိမ်းသိမ်းထားနိုင်တာဟာလည်း ဝမ်းမြောက်ဂုဏ်ယူစရာပါပဲ။ သို့ပေမယ့် အားနာခြင်း၊ အကြောက်တရားရှိခြင်းနဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေအပေါ် လေ့လာသိရှိမှုမှာ အားနည်းနေတာတွေကို တွေ့ရှိရပါတယ်။ အဲ့ဒိ အားနည်းချက်တွေကြောင့် မိမိရပ်ရွာမှာ တရားဥပဒေစိုးမိုးမှုကို အဟန့်အတားဖြစ်စေတာတွေ၊ တရားဥပဒေနဲ့ မညီတာတွေ လုပ်ဆောင်နေတာကိုသိရှိနေပေမယ့် သတင်းပေးမှုကဏ္ဍမှာ အားနည်းနေတာကို အများဆုံး တွေ့ရပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကလည်း မိမိရပ်ရွာအတွင်း မကောင်းမှုဒုစရိုက် ဆောင်ရွက်ချက်တွေရှိပါက သတင်းပေးတင်ပြပြီး အစိုးရနဲ့အတူ ပူးပေါင်းပါဝင်လာဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ ဒါမှသာ ပြည်နယ်ရဲ့ တရားဥပဒေ စိုးမိုးရေးအခန်းကဏ္ဍဟာ ပိုမိုအားကောင်းလာမှာလည်းဖြစ်ပါတယ်။ ထိုနည်းအတူ ဥပဒေဆိုင်ရာလုပ်ငန်းများဆောင် ရွက်တဲ့ဌာနများကိုလည်း အချိန်ဆွဲခြင်း၊ ကြန့်ကြာအောင်ပြုလုပ်ခြင်းများ လျော့နည်းနိုင်သမျှလျော့နည်းအောင် ပြုလုပ်ပြီး ပြည်သူများကို အချိန်တိုအတွင်း ခိုင်မာမှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ဖို့လည်း ညွှန်ကြားပြီးဖြစ်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း မိမိတို့ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို အသုံးချပါ။ အားကိုးပါ။ တိုးတက် ရာ တိုးတက်ကြောင်းကို အပြုသဘောဆန်ဆန် ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်ပါ။ ကျွန်တော့အနေနဲ့လည်း ဒီအခွင့်အရေးတွေ ပေးနေပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ဒေသဘက်စုံဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင်ရာမှာ စိတ်ရှည်၊ သီးခံပြီး ဟန်ချက်ညီညီ တိုးတက်လာစေဖို့နဲ့ ပူးပေါင်းပါဝင်လာဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး၊ စာပေနဲ့ယဉ်ကျေးမှုကဏ္ဍများကို ပြန်လည် ဖော်ထုတ်ပေးနိုင်ဖို့အတွက်လည်း လွိုင်ကော်မြို့၊ နောင်ယားကန်အနီးမှာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအောက်ရှိ ဌာန(၂)ခု အတွက် ရုံးအဆောက်အဦ ဆောက်လုပ်လျှက်ရှိပါတယ်။ အဆိုပါရုံးမြေနဲ့ တစ်ဆက်တစ်စပ်တည်းမှာပဲ တိုင်းရင်းသား လူမျိုးအလိုက် စာပေ၊ ယဉ်ကျေးမှုနှင့် လိုအပ်သော အခန်းကဏ္ဍများ ဖော်ဆောင်ပါက လုပ်ဆောင်နိုင်ရေးအတွက်လည်း မြေနေရာလျာထား သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနွေရာသီ ကာလမှာ တိုင်းရင်းသား မျိုးနွယ်အလိုက် စာပေနှင့် ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်ပေးလျှက်ရှိပါတယ်။
ကျွန်တော်တို့ ပြည်နယ်ဟာ ပထဝီဝင် မြေအနေအထားအရ ကျဉ်းမြောင်းသေးငယ် သော်လည်း တိုင်းရင်းသားလူမျိုးစု(၉)မျိုးနဲ့ အခြားတိုင်းရင်းသားများလည်း အတူတကွ စည်းစည်းလုံးလုံး မှီတင်း နေထိုင်ကြတာဟာ ချစ်စရာ၊ တန်ဖိုးထားစရာကောင်းတဲ့ အသွင် သဏ္ဍန်တစ်ခုပါပဲ။ တိုင်းရင်းသားအားလုံးက အချင်းချင်း ပြည်ထောင်စုစိတ်၊ ပြည်ထောင်စု အသိ၊ ပြည်ထောင်စုအသွင်၊ ပြည်ထောင်စုအမြင်ထားရှိပြီး ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး ဆက်လက် နေထိုင်သွားကြဖို့လည်း ကယားပြည်နယ်ရဲ့ (၆၆)နှစ်မြောက် နေ့ထူးနေ့မြတ်မှာ အလေးထား မှာကြားလိုပါတယ်။ တိုင်းရင်းသား ပြည်သူတွေ အနေနဲ့လည်း ခေတ်စနစ် အမျိုးမျိုးကို ဖြတ်သန်းခဲ့တာ ဖြစ်တဲ့အတွက် မိမိပြည်နယ်ကြီး ကောင်းသထက်ကောင်း၊ တိုးတက်သထက် တိုးတက်အောင် ညီအစ်ကိုစိတ်၊ မိသားစုစိတ် ထားရှိမွေးမြူဖို့ ပြောကြား လိုပါတယ်။
ပြည်နယ်အတွင်းမှာရှိတဲ့ သက်ကြီးဝါကြီး မိဘပြည်သူများအနေနဲ့လည်း မိမိတို့ဖြတ် သန်းခဲ့ရတဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး ပြည်နယ်တိုးတက်ရာ တိုးတက်ကြောင်း ဖော်ဆောင်ရာကဏ္ဍတွေမှာ အစိုးရအပေါ် အကြံပြုလိုတဲ့အချက်များရှိပါကလည်း အချိန်မရွေး လက်ခံကြိုဆိုလျှက်ရှိပါကြောင်း ချပြလိုပါတယ်။ မျိုးဆက်သစ်လူငယ်များကိုလည်း စိတ်နေစိတ်ထား၊ ခံယူချက်၊ အသိအမြင်ကောင်းများ ရှင်သန်ရရှိလာအောင် မိဘ၊ ဆရာသမား၊ အစိုးရ၊ တာဝန်ရှိသူများက တိုင်းပြည်ရဲ့အနာဂါတ်မှာ အလေးထားရမယ့် မျိုးဆက်သစ် လူငယ်များ ဖြစ်လာအောင် အတွေးအမြင်၊ အယူအဆ၊ ပူးပေါင်းဆောင်ရွက်လိုစိတ်များဖြင့် လမ်းမှန်သို့ ရောက်အောင် လမ်းညွှန်ပြသဖို့လည်း မေတ္တာရပ်ခံ တိုက်တွန်းပြောကြား လိုပါတယ်။
ဒါ့အပြင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကိုလည်း ပြည်နယ်အစိုးရအနေဖြင့် ချန်လှပ် ထားမှုမရှိဘဲ တန်းတူအခွင့်အရေး ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။ အမျိုးသမီးများ အနေနဲ့ကလည်း မိမိကိုယ်ကိုသိမ်ငယ်မှု၊ အားငယ်မှုမရှိဘဲ ကြိုးစားကြဖို့၊ ဝါယမစိုက်ထုတ် ကြဖို့ အလေးထားမှာကြားလိုပါတယ်။ အလားတူအခြေခံလူတန်းစား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေနဲ့လည်း အားငယ်၊ သိမ်ငယ်မှုမရှိဘဲ မိမိတို့ရဲ့ လူနေမှုဘဝ အဆင့် အတန်းများ တိုးတက်လာစေဖို့ မိမိတို့လို အခြေခံလူတန်းစားများ ဘဝမှ တိုးတက်ကြီးပွား အောင် ဆောင်ရွက်ကြသူများရဲ့ နမူနာကောင်းတွေကိုလည်း ယူဆောင်စေချင်ပါတယ်။ ထိုနည်းအတူ သူတို့ထက်သာတဲ့ အကြံဉာဏ်ကောင်းတွေ၊ အတွေးအမြင်တွေနဲ့ မိမိဘဝ တိုးတက်ဖို့ ကြိုးပမ်းကြဖို့ တိုက်တွန်းအားပေးစကား ပြောကြားလိုပါတယ်။
ပြောင်းလဲချိန်တန်ပီဆိုတဲ့အတိုင်း ပြောင်းလဲဖို့ ဖော်ဆောင်တဲ့အခါမှာ အစိုးရတစ်ခု တည်းပြောင်းလဲလို့ မရပါဘူး။ ဌာန/ အဖွဲ့အစည်း/ ပြည်သူတွေ အားလုံးကလည်း လိုက်ပါ ပြောင်းလဲဖို့ အဓိကလိုအပ်ပါတယ်။ ပြောင်းလဲတယ်ဆိုတဲ့နေရာမှာလည်း ကောင်းမွန်သော ပြောင်းလဲခြင်းနဲ့ လိုက်ပါပြောင်းလဲဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။ ပြည်သူ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကောင်းမွန်သော၊ စည်းစနစ်ကျသော ပြောင်းလဲမှုမျိုးဖြင့် လိုက်ပါပြောင်းလဲမှ မိမိတို့ရပ်ရွာမှသည် ပြည်နယ်တစ်ခုလုံး ကောင်းမွန်သော ပြောင်းလဲမှုအရွေ့တစ်ခုကို တစ်ဆင့်ချင်း တိုးတက် ပြောင်းလဲ လာနိုင်မှာပဲဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့………
ယနေ့ကျရောက်သည် ကယားပြည်နယ်ရဲ့ (၆၆)နှစ်မြောက်မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် တိုင်းရင်းသားအားလုံးရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင် ဆက်လက်ထိန်းသိမ်းနိုင်ပါစေ။ ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေဖို့၊ တိုင်းရင်းသားများ၏ စာပေနှင့်ရိုးရာယဉ်ကျေးမှုများ အဓွန့်ရှည်စွာ ထိန်းသိမ်းနိုင်ဖို့၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာဖြင့် စည်းစည်းလုံးလုံး လက်တွဲဖော်ဆောင်နေထိုင်နိုင်ကြပါစေ။ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင်လည်း တိုင်းရင်းသားပြည်သူညီအစ်ကို မောင်နှမများအားလုံး ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ဝိုင်းဝန်း တည်ဆောက်သွားကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်………..