အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်၌ သီတင်းကျွတ်လပြည့် နေ့(အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော် ပရဝုဏ်အတွင်း၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)  ဒေသကွပ်ကဲရေးမှူး နှင့် မြို့နာမ်ရွှေစေတီတော် ဂေါပကအဖွဲ့ ဥက္ကဌ တို့က သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် “နမောတဿ” (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့သည် ထို့နောက်  ဂန္ဓကုဋီတိုက် အတွင်းရှိ သီတင်းသုံးတော်မူသောမြတ်စွာဘုရားအား ပန်း၊ ရေချမ်း ၊ ဆီမီး ဆက်ကပ်ခြင်း ကိုလည်းကောင်း ၊ မင်္ဂလာအချိန်တွင် စေတီတော်၏အထက်ပစ္စယံ မှ ဆီမီးထွန်းညှိဆက်ကပ် ပူဇော်လှူဒါန်းခြင်းကို လည်းကောင်း ၊ အရဟတာဒိ၊ နဝဂုဏေဟိ အစရှိသော ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်သည့် ဂါထာဖြင့်ရွတ်ဆိုပူဇော်ခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော် နေမှုအားလက်ယာရစ် လှည့်လည်ကြည့်ရှုပြီး သတ်မှတ်ထားသည့် မီးပုံးပျံကွင်း၌ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်၌ ကျင်းပပြုလုပ်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူဒါန်းပူဇော်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ရပ်ကွက်ကျေးရွာနေပြည်သူများ ၊  ဘုရားဖူး လာရောက်ကြသူများ တို့ကဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ခြင်း ၊ မီးပုံးပျံများလွှတ်တင်ပူးဇော်ခြင်း တို့ကို စည်ကားသိုက်မြိုက်စွာ စုပေါင်းကျင်းပဆောင်ရွက်ခဲ့ကြပြီး ၊ ဘုရားဖူးလာ ပြည်သူများအား စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။