ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

11-8-2017 10

11-8-2017 11

11-8-2017 12

11-8-2017 14

11-8-2017 15

11-8-2017 1611-8-2017 17

လွိုင်ကော်    သြဂုတ် ၁၁

 

    ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ (၁၁)ရက်နေ့၊ နံနက်(၉း၃ဝ)နာရီအချိန်က လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာရှိ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဘွယ်ပစ္စည်းများ လှူဒါန်းကြသည်။
    ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများသည်  သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လွိုင်လင်လေးကျေးရွာအုပ်စု၊ ထီးစဲခါးကျေးရွာအုပ်စု၊ တီးလုံကျေးရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံသည်။
ထိုတွေ့ဆုံပွဲ၌ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် လွိုင်လင်လေးကျေးရွာအုပ်စုသည် ကျေးရွာ(၁၃)ရွာ၊ အိမ်ခြေ(၁၅၁၂)အိမ်၊ အိမ်ထောင်စု(၁၅၃၁)စု၊ လူဦးရေ(၈၁၇၇)ဦးနေထိုင်ကြသည်ကို သိရှိရကြောင်း၊ လွိုင်လင်လေး ကျေးရွာသည် လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးတွင် တည်ရှိခြင်း၊ ရှမ်းပြည်နယ်၊ ဆီဆိုင်၊ တောင်ကြီး စသည့် မြို့များနှင့်ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်သာမက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းကြောင့် အစိုးရသစ်လက်ထက်တွင် လွိုင်လင်လေးကျေးရွာကို ရပ်ကွက်(၃)ရပ်ကွက်ပါဝင်သော လွိုင်လင်လေးမြို့အဖြစ် တိုးမြှင့်ဆောင်ရွက်နိ်ုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြို့အဆင့်ခွင့်ပြုချက်ရရှိလာပါက မြို့ပြအင်္ဂါရပ်နှင့်အညီ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအတွက် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာပြီး ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ရရှိခံစားရတော့မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။
ဆက်လက်၍   ပြည်သူများ၏ တင်ပြချက်များအား သက်ဆိ်ုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများသည်  အ.ထ.က(လွိုင်လင်လေး)တွင် ကျင်းပပြု လုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ကယားပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်ထွန်းက နိုင်ငံသားလုပ်ငန်းနှင့််စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဌနှင့်တာဝန်ရှိသူများက ကျောင်းသူ၊ ကျောင်းသားများအား နိ်ုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။
ဆက်လက်၍  ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများသည်  လွိုင်လင်လေးဈေးသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လွိုင်လင်လေးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ လွိုင်ကော်မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ လွိုင်လင်လေးကျေးရွာ(၁၆)ကုတင်ဆံ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဆေးရုံ တက်ကုသနေသော လူနာများအား အားပေးစကားပြောကြားပြီး အလှူငွေများပေးအပ်ခဲ့သည်။
ယင်းနောက် လွိုင်လင်လေးကျေးရွာ(၁၆)ကုတင်ဆံ့ဆေးရုံ၊ ဆိုင်ကယ်ရပ်နားစခန်းတည်ဆောက်ရန် အလှူငွေ ကျပ်(၁ဝ)သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

                                                                                            ကယားပြည်နယ်ပြန်/ဆက်