အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းဆင်းပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

11-8-2017 1

11-8-2017 2

11-8-2017 3

11-8-2017 4

11-8-2017 5

လွိုင်ကော် သြဂုတ် ၁၁

    အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၆၈/၂ဝ၁၇)၊ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၄၇/၂ဝ၁၇) နှင့် ကယားရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ်(၁၂/၂ဝ၁၇)သင်တန်းဆင်းပွဲကို သြဂုတ်လ ၁၁ ရက်နေ့၊ နံနက်(၈)နာရီ အချိန်က လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းခန်းမတွင် ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက်အမှာ စကားပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်စက်ချုပ်သင်တန်းထူးချွန်ဆုရ ဒီးမော့ဆိုမြို့နယ်မှ မရှားမြာ၊ အခြေခံ အိမ်တွင်းမှု သင်တန်းထူးချွန်ဆုရ လွိုင်ကော်မြို့နယ်မှ မချစ်ပန်းအိနှင့် ကယားရိုးရာဂျပ်ခုတ်သင်တန်း ထူးချွန်ဆုရ ဒီးမော့ဆိုမြို့နယ်မှ မနော်သဲဖောတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေတို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်မော်က တိုင်းရင်းသားအဖွဲ့အစည်းများမှ သင်တန်းသူများအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၏ ဇနီး ဒေါ်နန်းစောခင်က မြို့နယ်အလိုက် သင်တန်းသူများအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက တပ်ရင်းတပ်ဖွဲ့ သင်တန်းသူ များအားလည်းကောင်း၊ အသီးသီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ကြပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက အိမ်တွင်းမှုသင်တန်းကျောင်းခန်းမတွင် ပြသထားသည့် သင်တန်းသူများ၏ အိမ်တွင်းမှုလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။