တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

7-8-2017 1

7-8-2017 2

7-8-2017 3

လွိုင်ကော်    သြဂုတ် ၇

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၇ ရက်နေ့ ၊  မွန်းလွှဲ ၁ နာရီအချိန်တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင်  ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်အတွင်း လုံခြုံရေးတရားဥပဒေစိုမိုးရေးအတွက် တရားမဝင်သစ်ထုတ်လုပ် သယ်ဆောင်ခြင်း၊ တရားမဝင်သတ္တု တူးဖော်သယ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းကြပ်မတ်ရေး၊ တရားမဝင် ကုန်စည်များဝင်ရောက်မှုမရှိစေရေးတို့ကို ဝိုင်းဝန်းဆောင်ရွက် ကြဖို့လိုအပ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းကို စနစ်တကျပြုပြင်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်းဖြင့် ပြောကြား သည်။
  ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးများက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာ တွင် ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၊ လိုအပ်ချက်များရှိပါက ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်းဖြင့်တိုက်တွန်းပြောကြားသည်။
အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမူဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။    

                                                                                                                        ပြည်နယ် ပြန်/ဆက်