![]() |
|
ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်
- အဖ ဦးရှားရယ်၊အမိ ဒေါ်ကူးမြာ(ကွယ်လွန်)တို့မှ ၁၉၆၉ ခုနှစ်တွင် ရှားတောမြို့နယ်၊ သရီးဒါး ကျေးရွာတွင် မွေးဖွားပါသည်။ မွေးချင်း(၁၁)ဦးအနက် ဆဋ္ဌမမြောက်သားဖြစ်ကာ ကယား လူမျိုး၊ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်ဖြစ်ပါသည်။ ၁၉၇၆ ခုနှစ်တွင် နယ်မြေအခြေအနေ ကြောင့် လွိုင်ကော်မြို့နယ်၊ ထေးသမကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ဒေါ်ငါးမြာနှင့် အိမ်ထောင်ကျပြီး သားသမီး(၃)ဦး ထွန်းကားကာ အမှတ်(၉)၊ မင်္ဂလာရပ်ကွက်၊ လွိုင်ကော်မြို့တွင် ကုန်သည်လုပ်ငန်း လုပ်ကိုင်ကာ မိသားစုနှင့် အတူနေထိုင်ပါသည်။
- အခြေခံပညာကို အလက(၂)၊လွိုင်ကော်၊ အလက(ချိကယ်)၊ အထက(၁)၊လွိုင်ကော်တို့တွင် သင်ယူခဲ့ ပါသည်။
- ၂၀၁၂ ခုနှစ်မှ စတင်ကာ လွိုင်ကော်မြို့၊ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီ ဆောင်ရွက်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ပါတီဝင်အဖြစ် ရပ်တည်ကာ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်နှင့် ရပ်တည်ချက်များကြောင့် အများအကျိုး၊ ပြည်နယ်အကျိုး၊ တိုင်းပြည် အကျိုး သယ်ပိုးထမ်းရွက်ရန် ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှားတောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခြင်းခံခဲ့ပါသည်။
တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ
၁။ | ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင် | |
၂။ |
ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် အောက်ဖော်ပြပါ ဦးစီးဌာန/လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ပါသည်-
|