အအေးခန်းသီးနှံသိုလှောင်ရုံ တည်ဆောက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်

9-9-2019 1

9-9-2019 2

9-9-2019 3

(၂၀၁၉ စက်တင်ဘာ ၉)

ကယားပြည်နယ်သည် ပြောင်းနှင့် နှမ်းသီးနှံများ အဓိက စိုက်ပျိုးလုပ်ကိုင်သည့် ပြည်နယ် တစ်ခုဖြစ်ပြီး သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်များ ရရှိ ရေးနှင့် ဈေးကောင်း ရရှိစေရန်အတွက် အအေးခန်းများ တည်ဆောက်ပြီး သိုလှောင်ထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၉-၉-၂၀၁၉)ရက်နေ့ (၁၀၃၀)နာရီ အချိန် ပြည်နယ်အစိုးရအဖွဲ့ Cabinet အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ် ရေးနှင့်လျှပ်စစ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ Toyo Warf & Ware house Co.,Ltd မှ တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ Toyo Warf & Warehouse Co.,Ltd မှ ဂျပန်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုန်စည် သိုလှောင်မှု အခြေအနေများ၊ Warehouse များတွင် အစားအသောက်များသိုလှောင်ထားရှိမှု စနစ်များ၊ အသီးအရွက်များအား အအေးခန်းစနစ်ဖြင့် ထားရှိမှု စနစ်များနှင့် Heavy Cargo များနှင့် ပတ်သက်၍ သိုလှောင်သယ်ဆောင်မှုများ စသည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး ၎င်းတို့ ကုမ္ပဏီအနေနှင့် ကယားပြည်နယ်တွင် လာရောက်၍ Cold Storage လုပ်ငန်းများ လုပ်ကိုင်လိုခြင်းဖြစ် ကြောင်း၊ ကယားပြည်နယ်တွင် မျိုးစေ့မျိုး ကောင်းများ ကို စနစ်တကျ သိုလှောင်ပြီး မျိုးကောင်းမျိုးသန့် ရရှိ အောင် ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် လိုကြောင်း ရှင်းလင်း တင်ပြပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ မိမိတို့ပြည်နယ်တွင် ပြောင်းနှင့် နှမ်းသီးနှံများ အဓိကထွက်ရှိကြောင်း၊ ၎င်း အပြင် ကျောက်ပြားအချောထည် ထုတ်လုပ်သည့် လုပ်ငန်းဆောင်ရွက်မည်ဆိုပါကလည်း ဆောင်ရွက်နိုင် ကြောင်း ဖြည့်စွက်ဆွေးနွေးကြပါသည်။

ကုမ္ပဏီအနေနှင့် မြန်မာပြည်မှ နှမ်းများသည် ဂျပန်ပြည် တွင် အသုံးပြုမှုများကြောင်း၊ နှမ်း အရည်အသွေး ထိန်းသိမ်းသည့် ဂိုဒေါင်များလိုအပ်ကြောင်း၊ အရည် အသွေး ပြည့်မီသည့် နှမ်းများ ရရှိနိုင်ရေးအတွက် Cold Storage များ ဆောက်လုပ်ဆောင်ရွက်လိုကြောင်း၊ စက်မှုဇုန်တွင် ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာများ ကွင်းဆင်းစိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ နှမ်းဧက(၂) သောင်းကျော် စိုက်ပျိုးပြီး Organic နည်းပါးသော်လည်း ဓာတ်ကြွင်း အာနိသင် နည်းပါးကြောင်း၊ (၁)ဧက အထွက် နှုန်း (၁၀)တင်းခန့် ထွက်ရှိကြောင်း၊ နှမ်းစိုက်တောင်သူ များနှင့် တွေ့ဆုံလိုပါက တွေ့ဆုံနိုင်ရေးစီမံပေးမည်ဖြစ် ပါကြောင်း၊ နှမ်းစိုက်သူများအနေနှင့် မိရိုးဖလာ စိုက်ပျိုး ကြခြင်းဖြစ်ပြီး နည်းပညာကျွမ်းကျင်မှု နည်းပါးကြ ကြောင်း၊ ပြည်နယ်တွင်းရှိ စိုက်ပျိုးသူများအနေနှင့် ဓာတုပစ္စည်းများ အသုံးပြုခြင်းမရှိဘဲ စိုက်ပျိုး ကြသူများ ဖြစ်ကြောင်း၊ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင် နိုင်အောင် ဆောင်ရွက် စေလိုကြောင်း၊ သို့ဖြစ်ရာ တောင်သူများနှင့် တွေ့ဆုံနိုင် ရေး စီမံပေးသွားမည်ဖြစ်ကြောင်း၊ နှမ်းစိုက်တောင်သူများ အနေနှင့် တစ်နှစ်လျှင်တစ်သီးသာ စိုက်ပျိုးကြပြီး၊ (၂) သီး၊ (၃)သီး ခန့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးစေလို ကြောင်း၊ မြို့နယ်များသို့ ကွင်းဆင်း၍ နှမ်းစိုက် တောင်သူ များ နှင့် တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ် ကြောင်း၊ တောင်သူများအနေနှင့် နှမ်းခုတ်ရာသီဖြစ်၍ တောင်ယာများတွင်သာ ရောက်ရှိနေကြမည်ဖြစ်ကြောင်း၊ နှမ်းစိုက် သူများအနေနှင့် ရာသီဥတုဖျက်ဆီးမှုကြောင့် အကျိုးအမြတ်များ ရသင့်သလောက် မရရှိနိုင်ကြ ကြောင်း၊ ယင်းအတွက် နည်းပညာများ ပံ့ပိုးပေးစေလို ကြောင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် နှမ်းသီးနှံပျက်စီး မှုမရှိစေရေး ထိန်းသိမ်းမှုနည်းစနစ်များ ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေနှင့် နှမ်းစိုက်ပျိုးခြင်း လုပ်ငန်းနှင့်ရင်းနှီးကြောင်း၊ နှမ်းသီးနှံ များ အား အရည်အသွေး ကောင်းမွန်အောင် ထိန်းသိမ်း တတ်မှု အားနည်းပါကြောင်း၊ အရည်အသွေးကို စိစစ်ခြင်း မရှိဘဲရောင်းဝယ်မှုများကို ပြုလုပ်နေပါကြောင်း၊ နှမ်းစိုက် တောင်သူများအနေနှင့် မျိုးကောင်းမျိုးသန့်ကို ရွေးချယ် စိစစ်စိုက်ပျိုးမှု မရှိဘဲ အလျင်းသင့်သလိုစိုက်ပျိုးကြ ကြောင်း၊ သို့ရာတွင် ဓာတုအသုံးပြုမှု မရှိပါကြောင်း၊ ၎င်းတို့အတွက် နည်းပညာများ ပံ့ပိုးပေးပါက နှမ်းစိုက် ပျိုးခြင်း လုပ်ငန်းများစွာတိုးတက်ဖွံ့ဖြိုး စေမည်ဖြစ်ပါ ကြောင်း ကုမ္ပဏီအနေနှင့် စံပြအဖြစ် စိုက်ပျိုးပေးစေ လိုကြောင်း၊ ၎င်းတို့အနေနှင့်လိုက်ပါဆောင် ရွက်ပြီး ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပြီး (၁၁၂၀)နာရီအချိန်တွင် အစည်း အဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။