ကနူး၊ ကယက် ရာဘာလှေစီးခရီးစဉ် ဖော်ဆောင်နိုင်ရေး ရေတို/ရေရှည်စီမံချက် ရှင်းလင်းခြင်း အစည်းအဝေး ကျင်းပ

23-8-2019-1 1

23-8-2019-1 2

23-8-2019-1 3

(၂၀၁၉ သြဂုတ် ၂၃)

ကယားပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍ များ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ချက် များဖြင့် “ကနူး၊ ကယက် ရာဘာလှေစီးခရီးစဉ်နှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း (Boat Trip & Eco-Tourism Project )ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် Ardent Alliance Co.,Ltd မှ တာဝန်ရှိသူများမှ ရေတို/ရေရှည်စီမံချက်များသတ်မှတ်ပြီး စီမံချက်များ ရှင်းလင်း ခြင်းအား (၂၃-၈-၂၀၁၉)ရက်နေ့ (၁၀ဝ၀)နာရီအချိန် ကယားပြည်နယ်အစိုးရအဖွဲ့ Cabinet အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်း ရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Ardent Alliance Co.,Ltd မှ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ Ardent Alliance Co.,Ltd မှ တာဝန်ရှိသူ တစ်ဦီးမှ “ကနူး၊ ကယက်၊ ရာဘာလှေစီး ခရီးစဉ်နှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း (Boat Trip & Eco-Tourism Project) ကို အကောင် အထည်ဖော်ဆောင် ရွက်ရန် အတွက် ရေတို/ရေရှည်စီမံချက်များကို အဆင့် ဆင့်သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ထား ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ မြေပြင် အခြေအနေတွင် တွေ့ကြုံနေရသည့် အခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ထားရှိမှု အခြေအနေများ၊ တောင်သုံးလုံးဘုန်းတော်ကြီးကျောင်း အနီးတစ်ဝိုက်ရှိ မြေလွတ်မြေလွတ် ဧရိယာအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့်အခြေ အနေများနှင့် ဆက်လက် လုပ်ဆောင်ရန်ကျန်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများကလိုအပ်သည်များ ဖြည့်စွက် အကြံပြုဆွေးနွေးခဲ့ ကြပြီး၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍများပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ အနေနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး အစည်းအဝေးအား (၁၁၃၀)နာရီ အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။