လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း) မြို့နယ် အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ဒီးမော့ဆိုမြို့တွင် ပြုလုပ်

22-8-2019 1

22-8-2019 2

22-8-2019 3

(၂၀၁၉ သြဂုတ် ၂၂)

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက် သည့် လူထုဗဟိုပြုစီမံကိန်းများကို မြန်မာနိုင်ငံတွင် မြို့နယ် (၆၃)မြို့နယ်၌ ဆောင်ရွက်လျက်ရှိပြီး ကယား ပြည်နယ်အနေနှင့် မြို့နယ်(၇)မြို့နယ်လုံးတွင် ပြည်နယ် လုံးကျွတ် ဆောင်ရွက်လျက်ရှိရာ ဒီးမော့ဆိုမြို့နယ်၊ လူထု ဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲ အခမ်း အနားအား (၂၂-၈-၂၀၁၉) ရက်နေ့ (ဝ၉၀ဝ)နာရီအချိန် ဒီးမော့ဆိုမြို့နယ်၊ စိန့်ဂျိုးဇက်ဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် ဘသာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ စုံလင်စွာတက်ရောက်ခဲ့ ပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့အခမ်းအနားသို့ ကြွရောက်လာသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များအားလုံး ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ ကြောင်း၊ လူထုဗဟိုပြု စီမံကိန်းများအား မြန်မာနိုင်ငံတွင် (၆၃)မြို့နယ်တွင် ဆောင်ရွက်နိုင်ခဲ့ပြီး မိမိတို့ပြည်နယ်တွင် မြို့နယ်(၇) မြို့နယ်လုံးတွင် ဆောင်ရွက်နိုင်သည့်အတွက် ဂုဏ်ယူမိ ပါကြောင်း၊ ယခုအစီအစဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု များနှင့်အညီ ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုအခါ စတုတ္ထနှစ် စက်ဝန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနအနေနှင့် ကျေးလက်ရေပေးရေး၊ လယ်ယာ ကုန်ထုတ် လမ်း၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာများအတွက် သက် မွေးပညာ အထောက်အကူပြုသင်တန်းများ၊ CDD လူထု ဗဟိုပြုစီမံကိန်းများ၊ VDP ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများ စသည့် လုပ်ငန်းများကို ဆောင်ရွက် လျက် ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် ပြည်သူများ ၏ လိုအပ်ချက်ကို ထဲထဲဝင်ဝင်ကြည့်ရှုပြီး အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်ပေးနိုင်သည်ကို တွေ့မြင်ရပါ ကြောင်း၊ လူထုဗဟိုပြုစီမံကိန်းများနှင့်ပတ်သက်၍ အခွင့်အလမ်းများကိုလည်း အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေ သုံးစွဲမှု နှင့် ပတ်သက်၍ ကျေးရွာသူ/သားများကိုယ်တိုင် သုံးစွဲခွင့်၊ ဝယ်ယူခွင့်များ ရရှိကြပါကြောင်း၊ ဘဏ္ဍရေးလုပ်ငန်းများ နှင့် ပတ်သက်၍လည်း အလားတူ စီမံခန့်ခွဲခွင့်များ ရရှိနေ ပြီဖြစ်ကြောင်း၊ ဝေဖန် အကြံပြုနိုင်သည့်ကိစ္စရပ်အနေနှင့် လုပ်ငန်းများပြီးစီးအောင်မြင်ပါက ဆောင်ရွက်နိုင်သလို စောင့်ကြည့် ကြီးကြပ်ရေးလုပ်ငန်းများကိုလည်း အလား တူဆောင်ရွက်လာနိုင်သည်ကို တွေ့မြင်ရကြောင်း၊ စာရင်း စစ်ဆေးခြင်း ကဏ္ဍများမှအစ သက်ဆိုင်ရာကော်မတီမှ တာဝန်ယူ၍ အပြည့်အဝ ဆောင်ရွက်နိုင်နေသည်ကို တွေ့မြင်ရကြောင်း၊ ယင်းအချက်သည် ဒီမိုကရေစီ၏ စံနှုန်းများဖြစ်ပြီး နည်းလမ်းတကျပူးပေါင်းဆောင်ရွက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထို့အပြင် ကမ္ဘာ့ဘဏ်မှချမှတ်ထားသည့် စံချိန် စံညွှန်းများနှင့်အညီ ဖော်ဆောင်နိုင်ပြီး နောင်တွင် မိမိတို့ ရပ်ရွာပြည်နယ် တိုင်းရင်းသား/သူများအတွက် အကောင်းဆုံးဆက်လက်ဆောင်ရွက်နိုင် မည်ဟု ယုံကြည် ပါကြောင်း၊ ထို့အပြင် ပြည်သူနှင့် ဌာနပူးပေါင်း ဆောင်ရွက်မှု အကောင်းဆုံး အခြေ အနေများကို တွေ့မြင်ရကြောင်း၊ လုပ်ငန်းများကို ကြိုးပမ်းဖော် ဆောင် ရာတွင် သက်ဆိုင်သူများအား လုံးပါဝင်ပြီး ရှုထောင့် ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ကြရန်လို ကြောင်း၊ အစိုးရတစ်ရပ်တည်း နှင့် ဆောင်ရွက်၍ မရကြောင်း၊ မြေပြင်တွင် ဖော်ဆောင်ရမည့်ကဏ္ဍများ နှင့်ပတ်သက်၍ ဆောင်ရွက် ရန် များစွာရှိနေပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများအပေါ်မူတည်၍ စီမံဆောင် ရွက် ရမည်ဖြစ် ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့ အနေနှင့် ပြည်သူများ၏ လိုလားချက်များကို တစ်ကြိမ် တည်းတစ်ပြိုင်တည်း ဆောင်ရွက်ပေး လိုသော်လည်း အကန့်အသတ်များကြောင့် တတ်နိုင်သည့် အတိုင်း အတာအထိကိုသာ ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ ဖြည့်ဆည်းပေးရန် ကျန်ရှိသည်များကို ဆက်လက် ကြိုးပမ်းဖော်ဆောင်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ကြိုးစား အားထုတ်မှုသည် မပြည့်စုံနိုင်သေးပါကြောင်း၊ ယခုထက်မက ပိုမိုသော ဝါယမစိုက်ထုတ်မှုဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းလမ်(၂)ခုဖြင့် အဓိကဆောင်ရွက် နေပြီး နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းနေရာ ကဏ္ဍ ပေါင်းစုံမှ ရှုမြင်ဖော်ဆောင်ရသဖြင့် တစ်ဆင့်ချင်းဖော်ဆောင်နေပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံ ရေး၊ ကုန်သွယ်ရေးလုပ်ငန်းများ ဖြစ်ပေါ်လာရေးအတွက် G to G ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အဆိုပါ လမ်းကြောင်းပွင့်လင်းလာရေးအတွက် ငြိမ်းချမ်း ရေးကဏ္ဍသည် လွန်စွာအရေးပါ ပါကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ယင်းလမ်းကြောင်းကို ဖွင့်လှစ်နိုင် အောင် ဆောင်ရက်ရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးကဏ္ဍ သည်လည်း ဒွန်တွဲပါဝင်လာမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်း ရေးကဏ္ဍများပိုမိုအားကောင်းလာစေရေးအတွက် ကျရာကဏ္ဍများတွင် ပါဝင်ကြစေလိုကြောင်း၊ ယခု လို အခမ်းအနားကို ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် တာဝန် ရှိသူများအနေနှင့် ယခုထက်ပိုမိုကောင်း မွန်သည့် ဆောင်ရွက်မှုများဖြင့် မိမိတို့ရပ်ရွာ၊ မြို့နယ်များမှအစ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းစွမ်းဆောင် ပေးကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန (ရုံးချုပ်)မှ တာဝန်ရှိသူတစ်ဦးမှ လူထုဗဟိုပြုစီမံ ကိန်း ၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် ရှေ့ ဆက်ဆောင်ရွက်မည့် အစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် တစ်ဦးမှ လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများ၊ အားသာချက်များ၊ အားနည်းချက်များအား ရှင်းလင်း တင်ပြခြင်း၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသားကျေးရွာ ယဉ် ကျေးမှုအကဖွဲ့မှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကုန်းသာကျေးရွာ ယဉ်ကျေးမှု ရိုးရာအကအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် (၁)သိန်းအား ချီးမြှင့်ဂုဏ်ပြုခဲ့ပြီး တက်ရောက်လာ သူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအား (၁၀ဝ၀)နာရီ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် စီမံကိန်း လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ဆွေးနွေး ခြင်း(အမေး/အဖြေ)၊ ဧည့်ပရိတ်သတ်များမှ အုပ်စု(၇)ခု ဖွဲ့၍ ဆွေးနွေးခြင်းနှင့် ဂျူရီအဖွဲ့များမှ အကဲဖြတ် အမှတ်ပေးခြင်း၊ ဒီးမော့ဆိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်းဆုံး ကျေးရွာအုပ်စုနှင့် ကျေးရွာရွေးချယ် ခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ ကျေးရွာ အုပ်စုအဆင့်၊ ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယ ဆုများ ချီးမြှင့်ခြင်း စသည့် အစီအစဉ် များအတိုင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။