မွန်ပြည်နယ် သဘာဝဘေး(ရေဘေး)သင့် ပြည်သူများ အတွက် ရန်ပုံငွေများ ပေးအပ် လှူဒါန်း

14-8-2019 1

14-8-2019 2

(၂၀၁၉ သြဂုတ် ၁၄)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော သဘာဝဘေး(ရေဘေး)သင့် ပြည်သူ များအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုသည် ယနေ့နံနက် (၁၀၃၀)နာရီအချိန်တွင် ၎င်း၏ ရုံးခန်း၌ ဆန်အိတ်(၁)အိတ်လျှင် (၂)သောင်း ကျပ်နှုန်းဖြင့် ဆန်အိတ်(၁၀ဝ)အိတ်အတွက် ငွေကျပ်(၂၀)သိန်း တိတိ အား ရွှေလွိုင်ကော်ပရဟိတ လူမှုကူညီရေးအသင်းသို့ ပေးအပ်လှူဒါန်းခဲ့ရာ ရွှေလွိုင်ကော်ကော်ပရဟိတ အသင်း မှ တာဝန်ရှိသူများမှ လက်ခံဆောင်ရွက်ခဲ့ပါသည်။

ရွှေလွိုင်ကော်ပရဟိတ လူမှုကူညီရေးအသင်းအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ပရဟိတအသင်းများမှ ထည့်ဝင် လှူဒါန်းမှုများအား စုစည်း၍ (၁၇-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ် သဘာဝဘေး(ရေဘေး)သင့် ပြည်သူများထံသို့ သွားရောက်လှူဒါန်းသွားမည်ဖြစ်ပြီး လှုူဒါန်းမှုအနေနှင့် ဆန်အိတ်(၃၅၀)ခန့်နှင့် အခြား အထောက် အပံ့ ပစ္စည်းများအား ပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။