ဒုတိယသမ္မတမှ ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပန်ပက်ဒေသ၊ ငွေတောင် ဆည် နှင့် ဘီလူးချောင်းအတွင်း လှည့်လည်ကြည့်ရှု

12-7-2019 5

12-7-2019 6

12-7-2019 7

12-7-2019 8

12-7-2019 9

(၂၀၁၉ ဇူလိုင် ၁၂)
ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် စေရေးအတွက် ပြည်နယ်၏ ခရီးသွား လုပ်ငန်းတွင် အထင်ကရနေရာများဖြစ်သော ကယန်းတိုင်းရင်းသား များနေထိုင်သည့် ပန်ပက်ကျေးရွာ၊ ငွေတောင်ဆည်နှင့် ဘီလူးချောင်းတစ်လျှောက် အပန်းဖြေရေကြောင်း ခရီးစဉ်များအား ဒုတိယသမ္မတ ဦးဆောင်သော အဖွဲ့မှ (၁၂-၇-၂၀၁၉)ရက်နေ့ (၁၅၀ဝ)နာရီအချိန် ကွင်းဆင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်တီးယူနှင့် အဖွဲ့ သည် ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအတွင်း ရိုးရာပစ္စည်းများ ရောင်းချသည့် ဈေး ဆိုင်တန်းများ ကြည့်ရှုအားပေးခြင်း၊ ဒုတိယသမ္မတ၏ ၂၀၁၆ ခုနှစ် ခရီးစဉ်တွင် ပန်ပက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်း၊ မီး၊ ရေရရှိရေး ဆောင်ရွက်ပေးရန် လမ်းညွှန်ချက် များအပေါ် ဆောင်ရွက်မှု အခြေအနေများ ကြောင့် ပန်ပက်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်မှု အခြေအနေ များအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ပန်ပက်ဒေသတွင် ဆက်လက် ဖော်ဆောင်ရန် လျာထားသည့် Community Centre ဆောင်ရွက်မည့် အခြေအနေများအား ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ရှင်းလင်း တင်ပြခဲ့ကြ ပါသည်။ ယင်းနောက် ကြိုဆိုဖျော်ဖြေတင်ဆက်ခဲ့ ကြသည့် ရိုးရာ အကအဖွဲ့များအား ဒုတိယသမ္မတမှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပါသည်။
ပန်ပက်ဒေသ ရေ၊ မီး၊ လမ်း အဆင်ပြေလာသည်နှင့်အမျှ ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာခြင်း၊ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးလာနိုင်သဖြင့် ဒုက္ခသည် စခန်း များတွင် ရောက်ရှိနေသူများအနေနှင့်လည်း ၎င်းတို့၏ ဇာတိပန်ပက် ဒေသသို့ ပြန်လည်ရောက်ရှိ နေထိုင်မှုများရှိကြောင်း တွေ့ရှိရပါသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ငွေတောင်ဆည် သို့ရောက်ရှိခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ ငွေတောင်ဆည် ရေလှောင်တမံစီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယ သမ္မတမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်း၊ ငွေတောင်ဆည် ရေလှောင်တမံအား ကြည့်ရှုစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဘီလူးချောင်း တလျှောက် အပန်းဖြေ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့် ခရီးတိုရေကြောင်းခရီးသွားလာမှုအား လှည့်လည် ကြည့်ရှု စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ပါသည်။