လွိုင်ကော်မြို့ စက်မှုဇုန်အပိုင်း (၁) နှင့် စက်မှုဇုန်အပိုင်း (၂) အတွင်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များနှင့် ပြည်နယ် ဝန်ကြီးချုပ် တွေ့ဆုံ

13-3-2020-3 1

13-3-2020-3 3

13-3-2020-3 2

(၂၀၂၀ မတ် ၁၃)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့၊ စက်မှုဇုန်အပိုင်း(၁)နှင့် စက်မှုဇုန်အပိုင်း (၂)အတွင်း လုပ် ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များ၊ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်သူများ အနေဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် မူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ ဆောင်ရွက်နိုင်ရေးနှင့် စက်မှုဇုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုဇုန်အပိုင်း(၁)နှင့် အပိုင်း(၂)တွင် လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင် များ နှင့် တွေ့ဆုံပွဲအား (၁၃.၃.၂၀၂၀)ရက်နေ့ (၁၆:၀၀) နာရီအချိန် စက်မှုဇုန် အပိုင်း(၁)ရှိ ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွိုင်ကော်မြို့၊ စက်မှုဇုန် အပိုင်း(၁)နှင့် စက်မှုဇုန်အပိုင်း(၂)အတွင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းရှင်များ စုံလင်စွာတက်ရောက် ခဲ့ပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့ စက်မှုဇုန်အပိုင်း(၁)နှင့် အပိုင်း(၂)မှ လုပ်ငန်း ရှင်များနှင့် တွေ့ဆုံပွဲသို့ ကြွရောက်လာသည့် အကြီး အကဲများ၊ ဌာနတာဝန်ရှသိူများနှင့် စက်မှုဇုန်မှ လုပ်ငန်း ရှင်များအားလုံး မင်္ဂလာပေါင်းနှင့် ပြည့်စုံပါစေကြောင်း။ အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် အခြေအနေများနှင့်၊ ပြည့်စုံကောင်းမွန်သည့် စက်မှုဇုန်လုပ်ငန်းများ ဖြစ်ပေါ် လာအောင် ဖော်ဆောင်လို၍ ဖြစ်ပါကြောင်း၊ လက်ရှိဖြစ် ပေါ်နေသည့် ကျန်းမာရေးဆိုင်ရာ အခြေအနေအရပ်ရပ် ကြောင့် သတိချပ် ဆောင်ရွက်နေရသည့် အခြေအနေများ ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် လူ အများနှင့် ထိတွေ့ဆက်ဆံ နေရပြီး အချို့လုပ်ငန်းရှင် များအနေနှင့် နိုင်ငံရပ်ခြားသို့ ခရီးများထွက်ခွာ သွား ရောက်နေရမှုများ ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ယခု လာရောက်ခြင်း မှာ စက်မှုဇုန်းအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင် ဆောင် ရွက်သူများအနေနှင့် လိုအပ်ချက်များ၊ လိုလားချက်များ ဖြည့်ဆည်းပေးရန် အချက်များကို ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးရန် လာရောက် ခြင်းဖြစ်ပါကြောင်း၊ စက်မှုဇုန်အပိုင်း(၁) တွင် လုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သော်လည်း အပိုင်း(၂) တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှု နည်းပါးသည့် အခြေအနေ များကို သိမြင်ပြီး ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင် ရွက်နိုင်ရန်အတွက်လည်း ဖြစ်ပါကြောင်း၊ တက်ရောက် လာသူများအနေနှင့် စက်မှုဇုန် အတွက် ပိုမိုတိုးတက် ကောင်း မွန်အောင် ဆောင်ရွက်စေလိုသည့် အတွေး အမြင်၊ အကြံအစည်များကို တင်ပြပေးစေလိုပါ ကြောင်း၊ စက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ အနေနှင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့် အညီ အကောင်းဆုံး ဖော်ဆောင်နိုင်ရေးအတွက် အကျိုး ရှိစွာဖြင့် တင်ပြဆောင်ရွက်ပေးစေလိုပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။