အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ကယားရိုးရာ ဂျပ်ခုတ်သင်တန်းနှင့် အခြေခံသိုးမွေး စက်ဆွဲ သင်တန်း ဆင်းပွဲ ပြုလုပ်

13-3-2020 1

13-3-2020 2

13-3-2020 3

(၂၀၂၀ မတ် ၁၃)

ကယားပြည်နယ်၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)၊ ကယား ရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ် (၁၈)နှင့် အခြေခံ သိုးမွေး စက်ဆွဲသင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်း ပွဲအား (၁၃.၃.၂၀၂၀)ရက်နေ့ (၀၈၃၀)နာရီအချိန်တွင် လွိုင်ကော် မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်း ဆရာ၊ ဆရာမများနှင့် သင်တန်းသူများမှ တက်ရောက်ခဲ့ ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာ တွင် ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ သင်တန်း ဆင်းပွဲ အခမ်းအနားသို့ ကြွရောက်လာသည့် ကယား ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အကြီးအကဲများ၊ ဌာန တာ ဝန်ရှိသူများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်း သူများအားလုံး ရွှင်လန်းချမ်းမြေ့ကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း၊ ယခုလို မိမိအနေနှင့် တက်ရောက် ဂုဏ်ပြု အားပေးစကားပြောကြားရသည့် အတွက် ဝမ်းမြောက်ကြည်နူးမိပါကြောင်း၊ တိုးတက်ပြောင်းလဲ လာသည့် ခေတ်နှင့်အညီ တီထွင် ဆန်းသစ်မှုများ တိုးတက်အောင် ကြိုးပမ်းမည်ဆိုသည့် ခံယူချက်များဖြင့် ဝါယမစိုက်ထုတ်ကြိုးပမ်းနေကြပါကြောင်း၊ ယခု သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းမည့် သင်တန်းသူ များအနေနှင့် မိမိတို့ သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြင်ပလောကတွင် အကောင်းဆုံး အသုံးချနိုင်ရန် သင်ကြားမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပြင်ပလောကကို ရောက်ရှိချိန်တွင် မိမိတို့ဒေသနှင့် လျော်ညီသည့် သင်ယူထားမှုများနှင့် ကိုက်ညီသည့် လုပ်ငန်းများကို ကြိုးပမ်းနေကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးအနေနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန် အကျိုးအမြတ်ရှိသည့် ဆောင်ရွက်မှုမျိုး၊ တီထွင်ဆန်းသစ်မှုများကို ဆောင်ရွက်ရမည် ဖြစ်ပြီး ယင်း အချက်များကို မိမိတို့ကိုယ်တိုင်က ဆောင်ရွက်ကြရမည် ဖြစ်ရာ ယင်းသို့ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလို ပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းတွင် သင်ကြားပို့ချပေးသည့် ဆရာ၊ ဆရာမများ ကိုလည်း ကျေးဇူးတင်ရှိပြီး ဂုဏ်ယူမိပါကြောင်း၊ အပြန် အလှန်အကျိုးအမြတ်ရှိရေး စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်ပေးကြစေလိုပြီး သင်တန်းကျောင်း၏ ဂုဏ်ကို မြှင့်တင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိအနေနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ထော်ရေး လုပ်ငန်းကော်မတီတွင် တာဝန်ယူထားသည့် အလျောက် နယ်စပ်ဒေသ တိုင်းရင်း သားများအတွက် တတ်စွမ်းသည့် ကဏ္ဍများမှနေ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား/သူများကို တင်ပြလို သည်မှာ ပြင်ပ လောကတွင် ယခုလိုသင်တန်းကို မတက်ရောက်ရသေး သူ များစွာရှိပါကြောင်း၊ မိမိအနေနှင့် တွေ့ဆုံပွဲများ ဆောင်ရွက်ရာတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးဆောင်ရွက်ပေးရန် တင်ပြလျက်ရှိပြီး သင်တန်း ဆင်းသွားသူများအနေနှင့်လည်း ယခုသင်တန်းကို တက် ရောက်နိုင်သည့် အခွင့်အရေးများရှိသည်ကို တဆင့်စကား ပြောကြားကြစေလိုပါကြောင်း၊ ယခုသင်တန်းကို တက် ရောက် ပြီးစီးသွားသူများအနေနှင့် ပြင်ပလောကတွင် အောင်မြင်သွားသူများရှိသလို ကြိုးစားဆောင်ရွက်နေကြ သည့် သူများလည်း ရှိပါကြောင်း၊ မိမိတို့ကိုယ်တိုင်နှင့်သာ သက်ဆိုင်ပါ ကြောင်း၊ သို့ဖြစ်ရာ ပြည်နယ်အတွင်း လူမှု စီးပွားတိုးတက်ရေးအတွက် ဖော်ဆောင်ရာတွင် စိတ်ရင်း စေတနာမှန်များဖြင့် အပြန်အလှန်အကျိုးအမြတ်ရှိရေးကို မျှော်ကိုး ဆောင်ရါက်နိုင်ကြပါစေလိုကြောင်းဖြင့် အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက သင်တန်းဘာသာရပ် အသီးသီးတွင် ထူးချွန်ဆု ရရှိသူများ အား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်း ဆင်း အောင်လက်မှတ်များပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်း သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သင်တန်းဆင်းပွဲအခမ်းအနား အောင် မြင်စွာပြီးမြောက်ခဲ့ပါသည်။

အဆိုပါ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း၏ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ထူးချွန်ဆုရရှိသူများမှ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၁)တွင် လွိုင်ကော်မြို့နယ်မှ မပိုးမြာ၊ ကယားရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ် (၁၈) တွင် ဖရူဆိုမြို့နယ်မှ နော်ချယ်ရီလင်းနှင့် အခြေခံသိုးမွေး စက်ဆွဲသင်တန်း အမှတ်စဉ်(၁၅)တွင် ဖားဆောင်းမြို့နယ် မှ မခိုင်ဇာဝင်းတို့မှ အသီးသီးရရှိခဲ့ကြပါသည်။