မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ ဒေသခံပြည်သူများနှင့် ပြည်နယ် ဝန်ကြီးချုပ် တွေ့ဆုံ

3-3-2020-4 1

3-3-2020-4 2

3-3-2020-4 3

(၂၀၂၀မတ်)
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပြည်နယ်အတွင်းရှိမြို့နယ်အသီးသီးမှပြည်သူများ၏ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များ၊ဖြည့်ဆည်းဆောင်ရွက်ပေးရန်အချက်များအပေါ်တတ်စွမ်းသည့်ကဏ္ဍများအလိုက်ဖြည့်ဆည်းပေးနိုင်ရေးလူထုတွေ့ဆုံပွဲများပြုလုပ်၍ဖြည့်ဆည်းပေးလျက်ရှိရာ (..၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန်ကယားပြည်နယ်အစိုးရအဖွဲ့နှင့်မယ်စဲ့မြို့နယ်၊ဟိုစဲ့ကျေးရွာမှဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မယ်စဲ့မြို့နယ်ဟိုဂျစ်၊ဟိုဖ၊တောင်လှ၊လမ်းဆုံနှင့်လယ်တောကျေးရွာမှဒေသခံပြည်သူများစုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုကအဖွင့်အမှာစကားပြောကြားရာတွင်ယနေ့ကျင်းပပြုလုပ်သည့်ဟိုစဲ့ကျေးရွာမှတိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှများနှင့်တွေ့ဆုံ၍အင်မတန်ဝမ်းမြောက်မိပါကြောင်း၊ယနေ့အခမ်းအနားတွင်တက်ရောက်လာသည့်ဌာနတာဝန်ရှိသူများအားလုံးကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊မိမိတို့အနေနှင့်ပြောင်းလဲမှုကိုလိုလားသည့်ပူးပေါင်းဆောင်ရွက်မှု၊ညှိနှိုင်းဆောင်ရွက်မှုများကိုဒီမိုကရေစီနည်းလမ်းများနှင့်အညီဆောင်ရွက်လို၍ဖြစ်ပါကြောင်း၊မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဝန်းရံပံ့ပိုးပေးခဲ့ကြပြီးမိမိအနေနှင့်ဒေသခံတိုင်းရင်းသားတစ်ဦးအနေနှင့်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ကျေးလက်ဒေသများပါတိုးတက်ရေးအတွက်အားစိုက်ဆောင်ရွက်ပေးလျက်ရှိပြီး၊အားနည်းချက်များကိုလျော့နည်းပပျေက်အောင်အောင်ဆောင်ရွက်ရမည်ဖြစ်ရာလက်ရှိသွားနေသည့်မူဝါဒများအတိုင်းစီမံဆောင်ရွက်ပေးနေပါကြောင်း၊ပြည်သူများအနေနှင့်မိမိတို့၏လူမှုစီးပွားများဖွံ့ဖြိုးရေး၊ဖက်ဒရယ်ပြည်ထောင်စုကြီးကိုအရောက်လှမ်းနိုင်ရန်အတွက်မိမိတစ်ဦးတည်းအားနှင့်မရဘဲအားလုံးကပါဝင်ရမည်ဖြစ်ပါကြောင်း၊မိမိတို့၏နိုင်ငံတော်ကြီးတိုးတက်အောင်အားလုံး၏အားနှင့်သွားရမည်ဖြစ်ပါကြောင်း၊အစိုးရ၏နောက်တွင်ပြည်သူလူထုကမရှိမဖြစ်ပါဝင်ရမည်ဖြစ်ပါကြောင်း၊ရွေးကောက်ပွဲတွင်မဲပေးပြီးရုံနှင့်မပြီးဘဲပူးပေါင်းပါဝင်မှုများပြုလုပ်ပေးစေလိုပြီးလိုအပ်သည့်အကြံဉာဏ်များကိုလည်းပေးစေလိုပါကြောင်း၊အစိုးရတစ်ရပ်အနေနှင့်တည်ဆဲမူဝါဒစည်းမျဉ်းများကိုလိုက်နာရန်လိုပြီးအားလုံးအနေနှင့်ညီညွတ်မှုဖြင့်မိမိတို့လိုလားသည့်ပန်းတိုင်ရောက်အောင်သွားရမည်ဖြစ်ပါကြောင်း၊ချက်ချင်းဆောင်ရွက်နိုင်သည်ကိုချက်ချင်းဆောင်ရွက်ပြီး၊အချိန်ယူဆောင်ရွက်ရန်လိုသည်ကိုအချိန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ပူးပေါင်းမှုများကိုလည်းအမြင်ကျယ်ကျယ်ဖြင့်ဆောင်ရွက်စေလိုပါကြောင်း၊မိမိတို့ပြည်နယ်ဖွံ့ဖြိုးမှုအတွက်ကြိုးပမ်းနေမှုများကိုလည်းတင်ပြလိုပါကြောင်း၊စိတ်မဝင်စားသူများသာမသိရှိကောင်းမသိရှိလိမ့်မည်ဖြစ်ပါကြောင်း၊ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖွင့်နိုင်မှသာအရှိန်အဟုန်ဖြင့်တိုးတက်မည်ဖြစ်ပါကြောင်း၊ယင်းလမ်းကြောင်းမှတဆင့်ရှမ်းပြည်နယ်၊ရန်ကုန်၊မန္တလေးစသည့်ဒေသများသို့ကုန်စည်များစီးဆင်းနိုင်မည်ဖြစ်ပါကြောင်း၊မိမိတို့ပြည်နယ်အနေနှင့်အရှေ့တောင်အာရှအသန့်ရှင်းဆုံးဆုရရှိခဲံသည်မှာလည်းပြည်သူများ၏ပူးပေါင်းပါဝင်မှုများကြောင့်ပူးပေါင်းပါဝင်မှုများကြောင့်ဖြစ်ပါကြောင်း၊အလားတူမိမိတို့ပြည်သူ့ဆေးရုံအနေနှင့်လည်းလူနာများအတွက်ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာစံပြဆုများကိုရရှိခဲ့ပါကြောင်း၊အလားတူဒီဇင်ဘာအားကစားလူထုလှုပ်ရှားမှုအနေနှင့်လည်း ()နှစ်ဆက်တိုက်ပထမဆုရရှိခဲ့ပါကြောင်း၊မိမိအနေနှင့်ဂုဏ်ယူကြွားဝါနေခြင်းမဟုတ်ဘဲပြည်သူများ၏ပူပေါင်းပါဝင်မှု၊စုစည်းညီညွတ်မှုများကိုပြသနေခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးဝန်ကြီးချုပ်မှမိမိတို့ကယားပြည်နယ်အသန့်ရှင်းဆုံးဆုရရှိထားသည့်ပြည်နယ်ကိုခရီးသွားလုပ်ငန်းများအားကောင်းလာအောင်၊ခရီးသွားဝင်ထွက်များပြားစွာဝင်ရောက်လာအောင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ခရီးသွားလုပ်ငန်းမှတဆင့်ပြည်နယ်အတွက်ဝင်ငွေများတိုးတက်ရရှိပြီးအလုပ်အကိုင်အခွင့်အလမ်းများလည်းပိုမိုတိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း၊မိမိတို့ပြည်နယ်ဖွံ့ဖြိုးသာယာရန်အတွက်ဖြစ်ပြီးမိမိတို့အစိုးရအနေနှင့်ရင်းနှီးမြှုပ်နှံမှုဖိုရမ်များပြုလုပ်၍ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်လျက်ရှိပါကြောင်း၊မိမိတို့၏ထုတ်ကုန်များ၊ယဉ်ကျေးမှုများပြသရောင်းချမှုများမှတဆင့်ဝင်ငွေများရရှိအောင်ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ယင်းသို့ကြိုးပမ်းဆောင်ရွက်နေမှုကိုပြည်သူများသိရှိပြီးပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ယင်းအတွက်ကိုလည်းမူဝါဒများနှင့်အညီဆောင်ရွက်နိုင်ရန်အစိုးရအနှင့်လာရောက်ပူးပေါင်းတင်ပြစေလိုပါကြောင်း၊ယင်းအခြေအနေကိုပြည်သူများသိရှိပြီးဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ထို့အပြင်ခေတ်နှင့်လျော်ညီမှုမရှိသောဥပဒေများကိုလည်းပြင်ဆင်နိုင်ရန်သက်ဆိုင်ရာတာဝန်ရှိသူများကလည်းကြိုးပမ်းနေပြီဖြစ်ပါကြောင်း၊မိမိတို့အားလုံးညီညွတ်မည်ဆိုပါကမည်သည့်အရာကိုမဆိုအောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊မိမိအနေနှင့်မိမိတို့ပြည်နယ်အတွက်တာဝန်ကျေအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီးမယ်ဆည်နမ်-ဟိုဂျစ်လမ်းလုပ်ငန်းများ၊ဟိုဂျစ်-တောင်လှလျှပ်စစ်မီးရရှိရေးလုပ်ငန်းများစသည့်အခြေခံအချက်များပြည့်စုံအောင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့အပြင်ဟိုဂျစ်-လယ်တောမြေသားလမ်း၊ဟိုဂျစ်-ဟိုဖကျောက်လမ်း၊ဟိုဖ-လယ်တောလမ်းနှင့်လယ်တော - လမ်းဆုံအစရှိသည့်လမ်းများကိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မိမိတို့ကယားပြည်နယ်အနေနှင့်လမ်းလုပ်ငန်းများဆောင်ရွက်ရန်အနည်းငယ်သာကျန်ရှိတော့မည်ဖြစ်ပါကြောင်း၊ပြည်သူများအနေနှင့်အစိုးရမှစီမံဆောင်ရွက်ပေးသည့်လုပ်ငန်းများကိုမိမိတို့တတ်စွမ်းသည့်ကဏ္ဍများမှထိန်းသိမ်းဆောင်ရွက်ပေးရန်ပြောလိုပါကြောင်း၊သို့မှသာရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း၊အလားတူရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးပါကလည်းသက်ဆိုင်ရာဒေသရှိပြည်သူများကလည်းထိန်းသိမ်းကြရန်တာဝန်ရှိသည့်အလျောက်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ဒီမိုကရေစီစံနှုန်းများနှင့်အညီအခွင့်အရေးများနှင့်အတူပါရှိသည့်တာဝန်များကိုလည်းဆောင်ရွက်စေလိုပါကြောင်း၊ပြည်သူများအနေနှင့်နိုင်ငံရေးအသိအမြင်များရှိရန်လည်းလိုပါကြောင်း၊နိုင်ငံရေးအသိအမြင်များများရှိရန်မလိုပါကြောင်း၊မိမိတို့အနေနှင့်မည်သည့်စနစ်၊မည်သည့်ပုံစံကိုလိုချင်သည်၊လိုအပ်သည်ကိုပြည်သူများကအသိပင်ဖြစ်ပြီးကောင်းခြင်း၊ဆိုးခြင်းများအားလုံးမိမိတို့အပေါ်တွင်သာမူတည်ပါကြောင်း၊နိုင်ငံရေးသည်နိုင်ငံသားအားလုံးနှင့်သက်ဆိုင်ပြီးအားလုံးတွင်တာဝန်ရှိပါကြောင်း၊မိမိတို့အစိုးရ၏အောင်မြင်မှုသည်ပြည်သူများအောင်မြင်မှုတစ်ရပ်ပင်ဖြစ်ရာယနေ့ညနေပိုင်းတွင်မယ်စဲ့ဆေးရုံဖွင့်ပွဲပြုလုပ်မည်ဖြစ်ပြီးပြည်သူများ၏အောင်မြင်မှုတစ်ရပ်ဖြစ်၍တက်ရောက်စေလိုပါကြောင်း၊အားနည်းချက်များကိုလျော့နည်းပပျောက်အောင်၊အားသာချက်ကိုအားသာသည်ထက်အားသာအောင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မိမိ၏အားနည်းချက်များကိုလည်းအပြုသဘောဆန်ဆန်ထောက်ပြပေးစေလိုပြီးယနေ့တွေ့ဆုံပွဲတွင်တက်ရောက်လာသူများအနေနှင့်မိမိတို့ဒေသအကျိုးအတွက်လိုအပ်သည်များ၊ဖြည့်ဆည်းပေးရန်များတင်ပြပေးစေလိုကြောင်းဖြင့်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ယင်းနောက်ဟိုစဲ့ကျေးရွာဒေသခံပြည်သူများမှတင်ပြရာတွင်ဒေသဖွံ့ဖြိုးရေးအတွက်နယ်စပ်ကုန်သွယ်ရေးစခန်းကိုအမြန်ဆုံးဖွင့်လှစ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုမှီခို၍ဝင်ငွေရရှိရေးဆောင်ရွက်နေရသဖြင့်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ဟိုစဲ့ရေကျော်တံတားမိုးတွင်းကာလရေကြီးသဖြင့်ကျောင်းသားများသွားလာရခက်ခဲနေ၍အဆင်ပြေစေရေးဆောင်ရွက်ပေးစေလိုကြောင်း၊ဟိုစဲ့ခန်းမဆောင်အတွက်လိုအပ်သည့်ထိုင်ခုံ၊ဆောင်းဘောက်စ်နှင့်ဆက်စပ်ပစ္စည်းများ၊ပန်ကာနှင့်လျှပ်စစ်မီးများပံ့ပိုးပေးစေလိုပါကြောင်း၊ဟိုစဲ့ကျေးရွာတွင်မူးယစ်ဆေးဝါးလျော့နည်းပပျောက်ရေးအတွက်ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ဟိုစဲ့နှစ်ခြင်းအသင်းတော်အတွက်လိုအပ်နေသည့်ခန်းမဆောင်တစ်ဆောင်ပံ့ပိုးပေးစေလိုပါကြောင်း၊နှစ်ခြင်းအသင်းတော်ကျောင်းတွင်ဘက်စုံဖွံ့ဖြိုးရေးကျောင်းဖွင့်လှစ်ထားပြီးကိုယ်ထူကိုယ်ူအဆောင်ပျက်စီးနေ၍ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေပါကြောင်း၊ထို့အပြင်နှစ်ခြင်းကျောင်းလမ်းလိုအပ်နေပြီးကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက်သစ်ခုတ်ယူမည်ဖြစ်ပါ၍ခွင့်ပြုပေးစေလိုပြီးအလှူငွေများလည်းထည့်ဝင်လှူဒါန်းပေးစေလိုပါကြောင်း၊ဟိုစဲ့ကျေးရွာကျောင်းရှေ့လမ်းနှင့်ရွာပတ်လမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ဟိုစဲ့ကျေးရွာရပ်ကွက်() အနောက်ဖက်လမ်းမီးတိုင်များလိုအပ်နေ၍ဆောင်ရွက်ပေးစေလိုပါကြောင်း၊ဟိုစဲ့ရွာအတွက်လမ်းမီးနှင့်အမှိုက်ပုံးများဆောင်ရွက်ပေးစေလိုကြောင်း၊ဟိုစဲ့ကျေးရွာရေကော်မတီမှပြီးခဲ့သည့်မိုးကာလတွင်သဘာဝဘေးကြောင့်ပျက်စီးခဲ့သည့်ရွာရေသွယ်ယူသည့်ရေပိုက်လိုင်းများပြုပြင်ရန်အတွက်လိုအပ်သည်များကိုပံ့ပိုးပေးစေလိုပါကြောင်း၊ဟိုစဲ့မူကြိုကျောင်းတွင်ဆရာမနေအိမ်နှင့်မူကြိုကျောင်းလုံခြုံစေရေးအတွက်ဆောင်ရွက်ပေးစေလိုကြောင်း၊ကျေးရွာဧည့်စာရင်းရုံးဆောင်ရွက်ပေးစေလိုကြောင်း၊မိုးကာလဆည်မြောင်း၊ရေမြောင်းများပျက်စီးခဲ့မှုအပေါ်ပြုပြင်ထိန်းသိမ်းပေးစေလိုပါကြောင်း၊ဟိုစဲ့ကျေးရွာတွင်မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လူမှုရေးဆိုင်ရာပြဿနာများ၊ခိုးဆိုးလုယက်မှုများဖြစ်ပေါ်နေသည့်အပေါ်တာဝန်ရှိသူများကလိုအပ်သည်များဆောင်ရွက်ပေးစေလိုပါကြောင်း၊ထို့အပြင်ကျေးရွာသန့်ရှင်းရေးနှင့်ပတ်သက်၍လမ်းနံဘေးတွင်အမှိုက်ပုံးများထားရှိပေးစေလိုပါကြောင်း၊ဟိုစဲ့ကျောင်းဧရိယာ()ဧကကျော်နှင့်ပတ်သက်၍တင်ပြလိုသည်မှာကျောင်းဧရိယာနှင့်မိမိ၏လယ်မြေဧရိယာအတိအကျမရှိသဖြင့်တိတိကျကျသတ်မှတ်ပေးစေလိုပါကြောင်းအသီးသီးတင်ပြခဲ့ကြပါသည်။
တင်ပြချက်များအပေါ်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီးပြည်နယ်ဝန်ကြီးချုပ်မှဟိုစဲ့မူကြိုကျောင်းဆင်းပွဲဆောင်ရွက်ရန်အတွက်ငွေကျပ်()သိန်းထောက်ပံ့ပေးအပ်ခြင်း၊ဟိုစဲ့ခန်းမဆောင်ထိုင်ခုံ (၁၃၀) လုံးဝယ်ယူနိုင်ရန်အတွက်ငွေကျပ်()သိန်းအားထောက်ပံ့ပေးအပ်ခဲ့ပြီးတွေ့ဆုံပွဲအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။