ဖရူဆိုမြို့နယ်အတွင်းရှိ သက်(၈၅)နှစ်နှင့်အထက်နှင့်သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များ၏ ပထမ (၃) လပတ် (အောက်တိုဘာ ၊နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် ထောက်ပံငွေ

6-2-2020-2 1

6-2-2020-2 2

6-2-2020-2 3

(၂၀၂၀ ဖေဖော်ဝါရီ ၆)

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်းချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဖရူဆိုမြို့နယ်အတွင်းရှိ သက်(၈၅)နှစ် အထက် နှင့် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များ၏ ပထမ (၃) လပတ် (အောက်တိုဘာ ၊နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

နိုင်ငံအတွက်တကယ်လိုအပ်နေတဲ့ လူသားအရင်းအမြစ် တိုးတက်မှုအတွက်ကို လူမှုကာကွယ် စောင့်ရှောက်ရေးဟာ တကယ့်ကို ထိရောက်ပြီးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သံယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ် မှ အဖွင့်အမှာစကား ပြောကြားခြင်း ၊အသက်ကြီး(၈၅)နှစ် နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင် နှင့်ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက် (၂) နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ ခံစားခွင့် နှင့်စပ်လျဉ်း၍ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်မှ ရှင်းလင်း တင်ပြခြင်း ၊အသက်(၅)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတီရယ် နှင့် တာဝန်ရှိသူများမှ ထောက်ပံ့ငွေအား လက်ရောက်ပေးအပ်ခြင်း ၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များ ကိုယ်စားမိခင်တစ်ဦးမှကျေးဇူးတင်စကား ပြောကြားခြင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးမှု လှည့်လည် ကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတီရယ်၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများ ၊ ပြည်သူများ စုစုပေါင်းအင်အား ( ၂၅၀ ) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။